Part - 39

5.1K 314 32
                                    

ဧည့်သည်ခန်းမဆောင်ထဲဝင်လိုက်သည့်အခါ
မထင်မှတ်ထားသောအမျိုးသမီးကိုတွေ့လိုက်ရ၏။
ရန်ကုန်အိမ်ထိပ်ကပန်းခြံတွင် မနက်တိုင်းမြင်ရတတ်သော အမျိုးသမီး၊
အမြဲတစေ ကိုယ်နဲ့စကားလာပြောတတ်သော
အန်တီကြီးကို အဆောင်လိုလို၊ ဟော်တည်လိုလိုနေရာကြီးထဲမြင်လိုက်ရ၏။

"ဟို... ကောင်လေး..."

"ဟို အန်တီမမကြီး..."

ရှက်ပြုံးလေးနဲ့ရယ်ပြနေသော သူက
သူ့ရဲ့သားလေးယောကျာ်းတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့အကြောင်းကို ရင်ဖွင့်ကာပြောပြဖူးသောအန်တီကြီးဖြစ်လေသည်။

'သူ့ရဲ့သားဆိုတော့ သူ့သားက ဘယ်သူလဲမသိဘူး...'

"ဒီကလေးက..."

ဘာမှမသိ​သေးသောနန်းအရှင်၏မိဖုရားသည် မှိုင်းညှို့ငယ်ကိုလည်း မသိပေ။ သူမသိသောကိစ္စမှာ သူမ၏သားကိုကာကွယ်ပေးဖို့တစ်ခုတည်းသာ။

"လွိုင်းလား..."

ကိုယ့်ဘာသာမေး၊ကိုယ့်ဘာသာဖြေနဲ့ ဒီနေ့ဧည့်သည်လာမည့်ကိစ္စကိုသိထားတာမို့ အဖြေသည် ကိုယ်ထင်ထားသူသာဖြစ်လိမ့်မည်။
မင်းသမီးလေးရဲ့သား မူလနန်းအရှင်မယ်မယ်ကြီးရဲ့မြေးတော်အရင်းလေး လွိုင်းပါလား။

ထင်မှတ်မထားသောကောင်လေးက သားတော်ရဲ့နေရာကို လုယူမယ့်ကလေးငယ်ဖြစ်နေသည်တဲ့လား။
ဘယ်လိုပြောရလေမလဲ။ အခုက စုပ်လဲဆူး
စားလဲရူးတော့မယ့်အခြေအနေ။ သားဖြစ်သူဟာ ယောကျာ်းတစ်ယောက်နဲ့အတူရှိနေကြောင်း မယ်မယ်ကြီးတို့ကို ကြာကြာဖုံးထား၍မရတော့သလို သားလေးပျောက်နေခဲ့တာတစ်လနီးပါးရှိနေပြီ။ သားအတွက်ဒီတစ်ကြိမ်တော့ ရပ်တည်ပေးဖို့လိုပြီထင်ပါ၏။

မှိုင်းညှို့ဆိုသောကောင်လေးပြောဖူးသည်။

'ကိုယ်နာနေမှန်းသိရက်နဲ့ အတ္တတွေကိုထွေးပိုက်ပြီးဘာလုပ်မလဲ...လွှတ်ချသင့်ရင် လွှတ်ချတတ်ရမယ်...'

လောကဟူသည် ကျယ်ပြန့်၏။
အချစ်ဟူသည် အတ္တတွေနဲ့ ရောထွေးနေတတ်၏။
ဖြူစင်သောဆိုသည့် စကားကိုမပြောခင်
ကိုယ့်လုပ်ရပ်တွေကို ပြန်သုံးသပ်ကြည့်ပါ။
ကိုယ်တိုင်က တကယ်အပြစ်သားမှန်း တစ်နေရာရာမှာတွေ့နိုင်လိမ့်မှာမလွဲဧကန်ပါ။

My Man (ငါ့လူကြီး) Where stories live. Discover now