Part - 31

5.7K 312 49
                                    

အခန်းရှေ့ဝရံတာဆီသို့လျှောက်လှမ်းနေသောကောင်လေး၏လက်ထဲဝယ် လိပ်ရုပ်​လေးများဖြင့် အလှဆင်ထားသော လင်ဗန်းရှိသည်။ ထိုလင်ဗမ်းပေါ်၌ ဆလပ်ရွက်များရှိသေး၏။  ဆလပ်ရွက်များထဲမှ  တစ်ရွက်ကို ဆွဲယူလိုက်ပြီးနောက် သူ၏ပါးစပ်ထဲထည့်ကာ ဝါးစားနေ​ေတာ့သည်။ ထိုကောင်လေး၏နာမည်မှာ  မှိုင်းညှို့ငယ်ဟုခေါ်ပါ၏။

သူက ကုတင်ပေါ်ခြေဆင်းထိုင်နေသူဆီသို့ ခေါင်းလေးစောင်းငဲ့ကြည့်​ေနသော်လည်း ထိုလူကတော့ သူ့အား အဖတ်မလုပ်နိုင်ပေ။ အနီရောင်ဖဲသား ညအိတ်ဝတ်စုံဝတ်ဆင်ထားသူ၏ အိပ်ခါနီးပုံစံကပင် သူ့အာယတစ်ခုခုနဲ့ဆွဲငင်နေသလိုဖြစ်နေ၏။ မခို့တရို့၊ရီဝေဝေအပြုံးနဲ့ ကုတင်ပေါ်ဘေးမှဖြတ်လျှောက်သွားလေသည်။

ဝရံတာဆီရောက်ချိန်ဝယ် အလှဆင်ထားသော ရေကန်ထဲသို့  ငုံ့ငေးကြည့်တော့ နှစ်ကောင်သားထပ်နေကြ၏။
လိပ်နှစ်ကောင်ကအထီးတွေဖြစ်နေသော်လည်း အမြဲတမ်းထပ်နေတတ်သည်။

လိပ်မလေးရှိစဥ်တုန်းကတော့အဖတ်မလုပ် မိတ်မလိုက်သော 'တောတစ်'ဆိုတဲ့ ဦးဝဠာရဲ့သားက အဖေတူသားများလား။
လိပ်မလေးကိုပစ်ပယ်နေသော 'တောတစ်'က လိပ်ထီးအသေးလေးရောက်လာစဥ်မှာတော့
'လိပ်လေး'အနောက်အမြဲလိုက်​ေနတတ်သည်။

လိပ်နှစ်ကောင်ထပ်နေပုံကိုကြည့်ပြီး မျက်မှောင်ကြုတ်စူးစမ်းနေသောအငယ်က လိပ်ကျွေးမယ့် ဆလပ်ရွက်တွေကိုလည်း သူပဲ စားနေ​ေလသည်။ ပါးဖောင်းကြီးတွေ တလှုပ်လှုပ်နဲ့လည်း ရေကန်ထဲချောင်းနေ​ေသ း၏။

"တောတစ်နဲ့ လိပ်ပေါက်လေးရေ
အစာပြေမုန့်စားမယ် လာကြ..."

အလှမွေးလိပ်ကန်လေးထဲသို့ ဆလပ်ရွက်လေးကိုကိုင်ကာ ရေထဲတစ်ဝက်ထည့်လိုက်၏။ ကန်ထဲသို့မြင်ရစေရန်ကန်ဘေးကချောင်းကြည့်မိတော့ ထပ်နေကြသော နှစ်ယောက်ကလည်း သူ့ကိုအဖတ်မလုပ်ကြ။ ထပ်နေမြဲ၊ ထပ်နေဆဲပေ။ လင်ဗန်းထဲကဆလပ်ရွက်တွေသည် 'လိပ်' အစာမဖြစ်နိုင်တော့ပြီထင်ရသည်။ ရေကန်ထဲကျနေသော
ဆလပ်ရွက်မှလွဲ၍ လင်ဗန်းပေါ်ဝယ်ဘာတစ်ခုမှမရှိတော့ပေ။ မှိုင်းညှို့ငယ် စား၍ ကုန်သွားလေပြီ။

My Man (ငါ့လူကြီး) Where stories live. Discover now