Part - 49

4.9K 234 27
                                    

'သကြားဝေဖာ ကြွပ်ကြွပ်ရွရွလေး...
တစ်ခုမှ ၃၀၀ ၊နှစ်ခု ၅၀၀...'

ဧည့်ခန်းထဲရုပ်ရှင်ကြည့်နေသူဘေးဝယ် လက်ဝါးဖြန့်နေသူတစ်ယောက်ရှိ၏။ အပြင်မှစျေးသည်၏အသံကြားလိုက်ရုံနဲ့ အပျော်ကြီးပျော်ကာ ထခုန်မတတ်ဖြစ်နေသူအား ဘယ်သူမှထိန်းမနိုင်၍ လွှတ်ပေးလိုက်​​ခြင်း
ဖြစ်လိမ့်မည်။

အငယ်မှလွဲဘယ်သူမှမရှိနိုင်ဘူးဆိုခြင်းမှာ အမှန်တကယ်ပင်။ မှိုင်းညှို့ငယ်တစ်ယောက်
ကြမ်းပြင်ပေါ်မှ လူးလှိမ့်ထကာ ခုန်ပေါက်ရယ်ရွှမ်းနေခြင်းကို မသိချင်ယောင်ဆောင်ထားသောမျက်ဝန်းတစ်စုံကလည်း ချစ်ခြင်းမ​ျားအပြည့်ဖြင့်ကြည့်နေ၏။

ငါးထောင်တန်ကိုမေးငေါ့ပြလိုက်သူ ဦးဝဠာက ရုပ်တည်ကြီးနဲ့သာ ရှေ့မှရုပ်ရှင်ကိုကြည့်နေသည်။ သနားစရာကောင်းသောဦးဝဠာက
ရေသောက်ပြီးသာ ရုပ်ရှင်ကြည့်နေခဲ့၍ စေတနာဖြင့် ကော်ဖီဖျော်ပေးထားသည်။
အခုထိတော့မတို့ထိသေးပေ။

"၅၀၀ဖိုးကလွဲ ပိုမဝယ်လာနဲ့..."

"..."

ငါးထောင်တန်နဲ့ ငါးရာဖိုးပဲ မုန့်စားရတာ လူကြား၍မှကောင်းသေးရဲ့လား။
လူကိုစေတနာမရှိတာလား။ ဒီလောက်ချစ်စရာကောင်လေးကို ငါးရာပဲပေးတယ်ဆိုတာ သူဘယ်လောက်ကပ်စေးနဲလဲ ကြည့်ရုံနဲ့အသိသာကြီး။

ခြံရှေ့ကိုပြေးလွှားခုန်ပေါက်ကာ ဝူရှူးသိုင်းကွက်၊ ထိုက်ကျိသိုင်းကွက်တွေနင်းပြီး သွားခဲ့သော်လည်း ဝေဖာရောင်းသူကိုမတွေ့တော့ပေ။ ဟိုးတဆုံးမြင်နေရသော လမ်းထိပ်အထိမျှော်ကြည့်သေးသည် ဝေဖာသည်၏အရိပ်ပင်မမြင်ရ။

"သူငယ်ချင်း ဘာလုပ်နေတာလဲ..."

"မင်းကရောခြံရှေ့ဘာထွက်လုပ်တာလဲ ဝဿန်..."

"ဦးစဝ်သီဆီက မုန့်ဖိုးလေးယူပြီး ဝေဖာထွက်ဝယ်တာလေကွာ...စားချင်လွန်းလို့  ဝေဖာသည်များ သရဲလာခြောက်တာလားလို့တွေးနေတာ..."

ဝဿန်ကခြံရှေ့အထိရောက်လာပြီး ခုံပေါ်စိန်ပြေနပြေထိုင်နေ၏။ ဘဘကြီးစဝ်သီကတော့
ဝရံတာပေါ်မှ ထွက်ကြည့်လာကာ အိမ်ထဲဝင်သွားပြန်သည်။

My Man (ငါ့လူကြီး) Where stories live. Discover now