Part - 13

7.1K 383 22
                                    

နားထဲကြားနေရသောအသံက ငြီးငြူနေသလိုလို။
ယောင်ယမ်းနေသလိုလို။ အခန်းထဲ၌လည်း ဦးဝဠာနဲ့ နှစ်ယောက်တည်းသာအိပ်နေကြခြင်းပေ။
ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နဲ့ အိပ်မပျော်တော့ပါ။ မနက်၅နာရီထိုးတော့မှာပင်။

နေသိပ်မကောင်းသေး သူအပေါ်ကို ညတုန်းက အနိုင်ကျင့်ခဲ့မိတာများလား။
ခေါင်းတွေမူးလာပြီမို့ ကိုယ်အိပ်တော့မယ်ဆိုတဲ့
သူကို စားချင်တဲ့မုန့်တွေလည်း ပူဆာခဲ့မိ၏။

ညသန်းခေါင်ကြီး ဗိုက်ဆာနေခြင်းက
ဗိုက်ထဲကအကောင်တွေရဲ့အပြစ်လား။ အငယ့်အပြစ်လား။ ဘယ်သူ့အပြစ်လဲ မသိတော့ပေ။

ဦးဝဠာက မုန့်အချို့နဲ့နို့တစ်ခွက်ကို ကိုယ်တိုင်၊ကိုယ်ကျ မီးဖိုထဲကနေသွား၍ ယူပေးသည်။ နွားနို့ခွက်ထဲအရှိန်လွန်ထည့်မိလို့ နွားနို့တွေကအလျှံအပ္ပါယ်ဖြစ်ခဲ့သေး၏။ ပိုနေပြီး မကုန်တော့တဲ့ နွားနို့ကိုလည်း ဦးဝဠာကို သောက်ခိုင်းလိုက်သေးသည်။

"မင်းမရှိလို့မဖြစ်တာ မဟုတ်ဘူး...မင်းရှိမှဖြစ်မှာ...မင်းကိုလိုအပ်တယ်...မင်းရှိနေပေးပါ...
မသွားပါနဲ့..."

စောင်အပြင်မှကြားလိုက်ရသောအသံ။
စောင်ထဲမှာ အတင်းအကြပ်ပိုက်ထားမိသော သူ့ရဲ့
လက်တစ်ဖက်က ပူနွေးနေ​သည်။

"အ..."

ဟမ်...ဘာပြောတာလဲဟင်။ မကြားလိုက်ရဘူး။

"မ သွား...မသွားပါနဲ့..."

ရုတ်တရက်ဆန်စွာ ပွေ့ပိုက်ခံလိုက်ရ၏။
မပျော်နိုင်ပါ။
ဦးဝဠာရဲ့တစ်ကိုယ်လုံး ပူခြစ်နေခြင်းအား အခုမှသိရတာမို့ အံဩရလွန်း၍ စိတ်ပူပြီး ရူးရပါတော့မည်။

မီးပုံထဲအကင်ခံနေရသော CPကြက်ကြီးတစ်ကောင်ပမာ။ ဦးဝဠာ၏ တစ်ကိုယ်လုံးလည်း
တင်းတောင့်နေသည်။ အသက်ရှူသံတို့ကလည်း ခပ်ဖြေးဖြေးလေးသာ။ အသက်ရောရှူနေရဲ့လား မသိလေတော့ နှာခေါင်းပေါက်နား လက်ငြိုးနဲ့တို့ထိကြည့်ရသေး၏။

တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန်နေသည့်တိုင် သူ၏ အားအင်တွေမှာ မကုန်နိုင်သေးဘူးထင်သည်။ ခါးအထက်မှ ဦးဝဠာရဲ့ လက်တို့သည် မြဲမြံစွာပင် ကျစ်လျစ်နေအောင် ဖက်တွယ်ထား၏။ သူ၏လက်တို့က တင်းတောင့်ခိုင်မာလှသော နေပူထဲမှ သံမဏိချောင်းကြီးပမာ ပူနွေးခိုင်မာလျက်။

My Man (ငါ့လူကြီး) Where stories live. Discover now