ကောင်းကင်နန်းတော်တွင်,
လူ့လောကသို့သွားရာလမ်းဋ္ဌာနဟူသော ဆိုင်းဘုတ်ကြီး၏အောက်တွင် ထိုင်နေပါသော လူရွယ်လေးနှစ်ယောက်ရှိသည်။ နတ်ဘုရား၏သားတော်များဖြစ်သောကြောင့် နတ်ပြည်၏အဆင်တန်ဆာများနဲ့မတူလေပဲ ထူးခြားစွာပင်ထွန်းတောက်နေ၏။
"အကိုတော် ကံကြမ္မာကိုကြည့်ရတာက ဘယ်အချိန်မှလူ့ပြည်ဆင်းရမယ်တဲ့လဲ..."
"လနတ်သားက နေအလင်းထဲဝင်ရောက်တဲ့အခါ
သုမဏနဲ့သုနန္တတို့ လူပြည်ဆင်းရမည်...ကံကြမ္မာစာရွက်မှာအဲ့လိုရေးထားတယ်...""မဟုတ်တာအကိုတော်ရဲ့ ကျွန်တော်မျိုးသေချာဖတ်ထားတာ အဲ့သလိုမဟုတ်ဘူးနော်..."
"ဒီမယ်လေ နေကွယ်၊တိမ်ကွယ်တာနဲ့ လူ့ပြည်ဆင်းရသကွယ်..."
"ဒီအောက်ကအညွှန်းကိုကြည့်လေ ညီတော်ရဲ့
လနတ်ဘုရားကို နေနတ်ဘုရားက မျက်ကွယ်ပြုတဲ့..."သူတို့နှစ်ဦးသည် ပတ္တမြားကျောက်စာပြားကြီးကိုအလယ်မှာထားလျက် လုယက်နေကြကာ အငြင်းပွားနေကြ၏။ စာရွက်ပေါ်မှရေးသားထားသောအကြောင်းမှာ နေကြတ်ခြင်းဖြစ်ပြီးနောက်
အရှင့်သားနှစ်ပါးလူ့ပြည်ဆင်းရမည့် ကံကြမ္မာစာရွက်ကျောက်စာဖြစ်လေသည်။"အရှင့်သားတို့ အချင်းမပွားလေနဲ့...
နေကြတ်ဖို့ရာလည်း နာရီပေါင်းများစွာလိုနေပါသေးတယ်...လူပြည့်သွားရာတံခါးပေါက်မှာ စွမ်းအင်တွေထုတ်မသုံးတော်မူပါနဲ့ ကျွန်တော်မျိုးခံနိုင်ရည်မရှိကြောင်းပါဘုရား..."နှစ်ဦးသားလုယက်ကာအချင်းများအော်ဟစ်နေကြခြင်းကြောင့် သူတို့နှစ်ဦး၏နတ်ဘုရားအရောင်အဝါနှင့် နတ်ဆိုးအရောင်အဝါတို့က မြင်သူတကာမျက်စိကျိန်းလောက်စရာပင်။ အရှိန်အဝါတို့ဖိတ်ဖိတ်တောက်လျက် စွမ်းပင်များကိုအလျှံအပယ်သုံးမိနေလေ၏။
နတ်ဘုရား၏သားတော်နှစ်ပါးအချင်းပွားမှု အရောင်အဝါတို့တောက်ပနေပုံမှာ နတ်ပြည်ကိုပင်ကျော်လွှားကာ ငရဲပည်အထိထိုးထွက်လာ၏။
ငရဲတံခါးဝမှ အငယ်၏ဝိဉာဏ်သည် အနီရောင်တောက်နေသော ထိုအလင်းကိုမြင်နိုင်ခဲ့လေသည်။
YOU ARE READING
My Man (ငါ့လူကြီး)
عاطفيةမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...