Part - 23

6K 310 33
                                    

ဒီနေ့သည် ကံကောင်းခြင်းများရရှိစေရေးအတွက် ဘိုဘေးများဆီ တိုင်တည်သောနေ့ဖြစ်သည်။ ဟော်နန်းအတွင်းဝယ် ဆွေတော်မျိုးတော်အပေါင်းနှင့် တူသား၊မြေးမြစ်တို့လည်းရှိနေကြ၏။

မြေးမ​လေးကို နတ်ပြပြီး နန်းတက်တော့မည့်သမီးတော်မင်းသမီးလေးကို ဘိုးဘေးတို့ထံအပ်နှင်ရန်ပင်။

'ချွင်ချွင် ချွမ်ချွမ်' အသံများဖြင့် နတ်ဆရာနှစ်ဦးက ကျမ်းစာမ​ျားရွတ်ဆိုနေသည်။ ကျိန်စာမ​ျားကိုဖယ်ရှားလို့ မင်းသမီးလေးရဲ့နန်းပုလ္လင်ကို စောင့်ရှောက်ပေးဖို့ရာတောင်းဆိုနေကြသည်။

နန်း၏ပုလ္လင်တော်သည် သန့်ရှင်းစင်ကြယ်သောလူသားကသာ အုပ်ချုပ်နိုင်မည်။ သမီးတော်လေးကလည်း ဖြူစင်လေ၏။

နန်းတက်ဖို့ရာအလေးပေးခံထားရသော မင်းသားလေးခွန်းစဝ်သီမှာ နန်းတက်ခွင့်မရခဲ့တော့ပါ။ နတ်ဆရာတွေက ကန့်ကွက်ကြသည်။ ညစ်ညမ်းဝိဉာဥ်နဲ့ထိတွေ့ ဆက်ယှက်ခဲ့တယ်လို့ဆိုပြီး ပြုစားခံထားရတယ်လို့ပြောလေတာမို့ ပြုစားထားသောဆုံးအတတ်ကိုပြေဖြေစေဖို့ မိခင်ဖြစ်သူကျုပ်ကပဲ သားဖြစ်သူအစားစတေးပေးခဲ့သည်။

သွားရာလမ်းကဖြောင့်ပါသည်။ ကိုယ့်ထက်အရင်ဦးသွားသူကြောင့် အဲဒီ့ဆရာဝန်မျိုးရိုးကိုအဆုံးသတ်ဖို့ရာ မိမိရဲ့လက်နှစ်ဖက်လုံး မညစ်ညမ်းနိုင်တော့​ေပ။

'ညစ်ညမ်းဝိဉာဥ်ရဲ့ပြုစားခံထားရတာကိုတောင် အချစ်လို့တင်စားနေသော ခွန်းဿစဝ်သီလကို ဘယ်လိုအကြောင်းကြောင့်မှ ဟော်နန်းကိုမအပ်နှင်းနိုင်သလို သားအရင်းလည်းမဟုတ်လေတာမို့ စောင့်ရှောက်ပေးဖို့ရာသာတတ်နိုင်တော့သည်။ မိထွေးဆိုးလို့အပြောမခံချင်ပါ။

"သူသာ အဲ့ဒီအခြောက်ဆရာဝန်နဲ့ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ရင် ခွန်းဿစဝ်သီလရဲ့သားစဥ်မြေးဆက်ကပဲ ဟော်နန်းကိုအမွေရမှာ နန်းလှနွယ်ရဲ့..."

"ရှင်...မယ်မယ်ကြီး..."

"ငါ့မြေးမလေးဖနွမ် မြေးလေးကြီးလာရင်
မြေးလေးရဲ့အဒေါ် မင်းသမီးလေးလိုပဲ
တော်ပြီးထက်မြတ်နေရမယ်နော်..."

My Man (ငါ့လူကြီး) Where stories live. Discover now