"ကြီးမေ..."
"ဟေ သားငယ်လေး..."
ဧည့်ခန်းထဲထိုင်ရင်းရုပ်ရှင်ကြည့်နေသော မိမိဘေးသို့လာထိုင်နေသည့် အငယ်ကောင်လေး။ နေကောင်းပြီးစရုပ်လေးကိုကြည့်ရတာတော့ တော်တော်လေးအဆင်ပြေလာသည်။ ဒီကလေးနေမကောင်းတာကလည်း သုံးရက်ဆက်တိုက်ပေမို့ စျေးလဲမသွားရသေးပဲ သူလေးကိုသာစောင့်ပေးနေရ၏။
အခုလည်းဘာလေးစားချင်လဲမသိပေ။နေမကောင်းဖြစ်တိုင်း ဘာမှမစားမသောက်သောအကျင့်သည် တစ်စုံ၊တစ်ယောက်နဲ့ကိုတူနေလွန်း၍ အတူပေါင်းဖက်ကြရတဲ့ကံကြမ္မာတွေများဖြစ်လာတာလားလည်း မသိ။ အငယ်ရဲ့ဦးဝဠာဆိုရင်လည်း
နေမကောင်းဖြစ်လို့အစာစားတာနဲ့ကို အန်တော့တာပဲ။"ကြီးမေ သားဗိုက်ဆာတယ်..."
"ဘာလေးစားချင်လဲ ပြောလေ သေးသေးလေးရဲ့..."
ဦးဝဠာက ဒီနေ့လည်းဆန်ပြုတ်ပဲ ကျွေးမှာလားလည်းမသိရ။ မနေ့ကလည်း ငါးဆန်ပြုတ်။
ဟိုနေ့ကကျ ကြက်သားဆန်ပြုတ်။
လူလည်းဆန်ပြုတ်အနံထွက်လို့ ဆန်ပြုတ်
ရုပ် ပေါက်နေလောက်ပြီ။"ကြီးမေရဲ့သားလေးက ဘာစားချင်လဲလို့..."
"တကယ်ပဲ သားစားချင်တာ ပြောလို့ရလား..."
"ဦးဝဠာလို့တော့မပြောရဘူးနော်...အဲ့ဒါဆို ကြီးမေလည်းမတတ်နိုင်ဘူး..."
ခိုးခိုးခစ်ခစ်ရယ်နေပြီး စနောက်နေမိခြင်းကို လိုက်လျောညီထွေစွာ စီးမျောနေသော လူနှစ်ယောက်က ဘာတွေသဘောကျနေတယ်မသိ စကားတွေပြောရင်း ရယ်မောရင်းဖြင့်။ အမျိုးသမီးကြီးကလည်း ဂရုဏာသက်စွာပင် ကောင်လေးငယ်ငယ်လေးကို ငေးမောလျက်။
သူ၏မျက်ဝန်းဝိုင်းလေးတွေထဲ စားချင်နေတာရှိပုံရ၏။ တကယ်စားလို့ရလားလို့ မေးနေပုံနဲ့ တောက်ပနေသောမျက်ဝန်းလေးတစ်စုံကြောင့် လိုက်လျောဖို့ရာတွေးပြီးသား။ "ဝဠာ" ပြန်လာမယ့်အချိန်မဟုတ်သေးတာမို့ အလိုလိုက်ဦးမှပါ။
"ကြီးမေက ဦးဝဠာနဲ့တိုင်မပြောရဘူးနော်..."
"အမယ် ဘာမဟုတ်တာတွေ စားချင်လို့လဲ..."
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...