နောက်ဆုံးရက်မက်ခဲ့သောအိပ်မက်ထဲဝယ် ဦးဝဠာကသေသွားခဲ့ရ၏။ ထိုအမျိုးသမီးသရဲမက ဦးဝဠာကို ဓားအစုတ်တစ်ချောင်းနဲ့ ထိုးစိုက်သတ်ပစ်ခဲ့ခြင်းကြောင့်ပေ။ ဦးဝဠာမဟုတ်သောအရုပ်ဖြစ်နေတာကိုမြင်ပြီးနောက်တော့ အငယ်လည်းအငိုရပ်ခဲ့ရသည်။ အားနည်းချက်ကိုသိသွားသောသရဲမက ဦးဝဠာကိုအန္တရာယ်ပေးဖို့ကိုသာ အိပ်မက်ထဲ၌ပြလာသည်။
လွန်ခဲ့သောသုံးရက်ခန့်က ဖြစ်ပျက်ခဲ့သည့်ကိစ္စတစ်ခုရှိခဲ့သည်။ ဦးဝဠာရဲ့ကိုယ်တွေ့ဖြစ်၏။
ညဘက်၇နာရီလောက်ဖြစ်လိမ့်မည်။ နေဝင်ပြီးမှောင်စပျိုးနေ၏။ နွေဦးကာလများပေမို့ ညနေနွေဝင်ခဲ့သော်လည်း ကောင်းကင်တစ်ခွင်ကတော့အနည်းငယ်လင်းနေဆဲပေ။ ညစာမစားမီလမ်းလေးလျှောက်နေခဲ့ခြင်းမှာ ဦးဝဠာနဲ့အတူတူဖြစ်၏။
အစာမကြေဖြစ်မှာဆိုးပြီးလမ်းလျှောက်နေကြခြင်းမှာ မြက်ခင်းပြင်ပေါ်တွင်ဖြစ်ခဲ့သည်။ ဦးဝဠာကထိန်းကိုင်ပေးထားသော လက်ကလေးကိုမြဲမြံစွာကိုင်ဆုပ်ရင်း စကားတပြောပြောနဲ့လမ်းလျှောက်ဖြစ်ကြသည်မှာ မှောင်အဆိကျပြီး ညမီးအိမ်၏အလင်းတွေသာ ခြံထဲထိန်ထိန်သာနေသည်။
"ခဏထိုင်ကြမလား အငယ်..."
"လေတိုက်နေတာနေလို့ကောင်းတယ်...လေမပြင်းဘူးဆိုတော့ ထိုင်မယ်နော်..."
ဦးဝဠာကခြံထဲကခုံပေါ်တွင်ထိုင်ရန်နေရာပေးပြီး ဘေးတွင်သူကထိုင်နေသည်။ လက်ထဲကကိုင်ထားသောနေကြာပန်းလေးတစ်ပွင့်ကို ခုံပေါ်တင်ပြီး
ဦးဝဠာအား ညမွှေးပန်းလေးတစ်ပွင့်ကောက်ပေးဖို့တောင်းဆိုလိုက်မိသည်။ပန်းလေးကောက်ကာပြန်လာသူနဲ့အတူ အနောက်မှအရိပ်တစ်ခုကိုမြင်လိုက်ရ၏။ လူကိုမမြင်ရပေ။
အရိပ်လောက်လည်းကြောက်တဲ့ လူစားမဟုတ်တာမို့ ဂရုကိုမစိုက်မိခဲ့။"ဦးဝဠာ အဲ့ပန်းကိုလွှင့်ပစ်လိုက်..."
"မင်းပဲလိုချင်လို့ဆို..."
"အခုမယူတော့ဘူး..."
အငယ့်ရဲ့အကြည့်က ဦးဝဠာ၏အနောက်မှ အရိပ်ဆီတွင်ရှိနေခဲ့သည်။ ဦးဝဠာတစ်ယောက်သူ၏အနောက်သို့လှည့်ကြည့်ပြီး အငယ့်ကိုတစ်ချက်ကြည့်သည်။ လူဆိုသည့်အမျိုးကမကြောက်ပဲတော့မနေပေ။ ဦးဝဠာကြောက်တတ်လားတော့ သူကိုယ်တိုင်သာသိလိမ့်မှာအမှန်။

YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...