"ညီမလေး..."
"သခင်မ..."ခပ်တိုးတိုးအသံကြောင့် အိပ်နေရာမှနိုးလာရလေပြီ။ အိပ်ခန်းဆောင်ထဲ သူစိမ်းယောကျာ်းရဲ့အသံကြောင့် လန့်သွားရပါ၏။
"ရှူး...မအော်နဲ့...အကိုတော်ပါ..."
နှုတ်ခမ်းတင်မက ပါးစပ်တစ်ခုလုံးကိုအုပ်မိုးဆုပ်ကိုင်ထားလေတော် အကိုတော်နဲ့သူ၏အမျိုးသားက သားလေးကိုလည်း ချီပိုးထားကြ၏။
"ပြေးကြစို့နော်..."
မျက်ဝန်းဝိုင်းတွေနဲ့ နားမလည်သလိုကြည့်မိသည့်တိုင် အကိုတော်ကတော့ ဘာစကားတစ်ခွန်းမှမပြောပေ။ ဘယ်ကဘယ်လိုရောက်လာကြတယ်မသိရ။ သားငယ်လေးကို မွေးထားပြီးခါစ ဘယ်လိုလုပ်လမ်းလျှောက်နိုင်မလဲ။
"အကိုတော် ညီမလမ်းမလျှောက်နိုင်ဘူး..."
အကိုတော်ရဲ့အမျိုးသားက မိမိကို ကျောပေါ်တင်လို့ မနက်ခင်းဝေလီဝေလင်း၌ ထွက်ပြေးဖို့ကြံနေကြသည်။ ဘာကြောင့်လဲမမေးနိုင်သေးသလို အကို့ရဲ့မျက်နှာမှာလဲ ထိတ်ထိတ်လန့်လန့်ဖြစ်နေ၏။
"အကို့နောက်လိုက်မယ်မဟုတ်လား...
အကို့ရဲ့ဘုရင်မလေး...""အကို ဘယ်သွားသွားလိုက်မှာပါ..."
"သားလေးနဲ့အတူ ကိုယ်တို့မိသားစုလေးထွက်ပြေးကြစို့..."
အမျိုးသားဖြစ်သူကိုယ်တိုင်က မျက်ရည်တွေရစ်ဝိုင်းနေရင်း ဒီလိုမေးလာလေတော့ အကြောင်းတစ်ခုခုရှိလိမ့်မှာပင်။ မယ်မယ်ကြီးက သမီးဖြစ်သူကိုသာလက်ခံပြီး သားမက်ဖြစ်သူကိုသိပ်ပြီး
ကြည့်မရ။ဘာဆိုဘာမှမပြောဖြစ်တော့ပါ။ ထိုအမျိုးသားသုံးယောက်ရဲ့ခေါ်ဆောင်ရာသို့ လိုက်သွားဖို့ရာ တစ်လမပြည့်သေးသော သားလေးကပါ ဆော်ဩနေခဲ့၏။
ပုံမှန်ဆိုပါလျှင် 'ခွန်းဿစဝ်လွိုင်း'လေးက နို့ဆာပြီးငိုရမယ့်အချိန်သာဖြစ်၏။ ဒီနေ့တွင် သားလေးကမငိုခဲ့ပေ။မယ်မယ်ကြီးကိုယ်တိုင် နို့မှုန့်ဖြစ်စေဖို့ နို့ခဲတွေကိုအမှုန့်ကြိတ်နေခဲ့သည်။ ပဲနှင့်ပြောင်းတွေလည်းပါ၏။ ထိုအထဲတွင် အက်ဆစ်အပျော့လည်းပါလာသည်။ ကလေးငယ်ကိုအနုနည်းနဲ့သတ်နေခြင်းပေ။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...