Part - 6

9.2K 507 15
                                    

ကားပေါ်မှာလည်းစကားတစ်ခွန်းမှမပြောသော ဦးဝဠာ၏ပုံစံက ဘာဖြစ်နေတယ်မပြောတတ်တော့ပါ။ နေ့လည်စာပို့ပေးပြီးစဥ်ကတည်းက ငြိမ်ငြိမ်သက်သက်ထိုင်နေဆိုပြီးသာ ခြောက်လှန့်လို့ထား၏။
ခွဲခန်းဝင်ပြီး အိမ်ပြန်မယ်ဆိုသော သူက ဘယ်မှမရွေ့နဲ့လို့ပြောထားတော့ ငြိမ်ငြိမ်လေးသာထိုင်ရင်း ထွက်သွားသူကိုငေးနေမိသည်။

ဦးဝဠာက တစ်ချက်လေးမှ ပြုံးမပြခဲ့ပါ။ ငယ်စဥ်ကတည်းက အခုလိုလက်ထပ်ပြီးသည်အထိ လိုလိုလားလားနဲ့ အပြုံးလေးတစ်ချက်ဖြင့်ပင် နှုတ်ဆက်ခြင်းမပြုခဲ့။ အမြဲတစေတည်တန့်သောမျက်နှာကြီးနဲ့သာ။

ရုပ်တည်ကြီးနဲ့မနေလဲ ကြောက်ချစ်ရိုသေရပါ၏။
ချစ်လဲချစ်ပါတယ်။ လေးစားသမှုနှင့် အမြဲတစေရိုသေစွာဆက်ဆံပါရက်။
ထမင်းရှာကျွေးနေသော ကျေးဇူးရှင်လည်းဖြစ်သလို အိမ်ဦးနတ်လိုကိုးကွယ်ရမယ့် လင်ယောကျာ်းလည်းဖြစ်ပါ၏။ ယောကျာ်းဖြစ်သူကိုရိုသေလေးစားပေးရတယ်ဟူ၍ ကြီးမေလည်းပြောပြဖူးသည်။

ယောကျာ်းကို ကိုယ်ကရိုသေမှ လေးလေးစားစားဆက်ဆံမှ ပတ်ဝန်းကျင်မှာ ကိုယ်ကလူတော်လူကောင်းတစ်ယောက်လို့ အထင်ခံရမှာဟူ၍။
လင်ယောကျာ်းကို ရိုသေလေးစားစွာဆက်ဆံမှ သူကလည်း ကိုယ့်ကိုအချစ်ပိုနေမှာတဲ့လေ။

ကိုယ့်ဘက်က လင်ယောကျာ်းအပေါ်ရိုင်းစိုင်းစွာ၊ရုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံရင် ကိုယ့်အပေါ်လဲ လင်ယောကျာ်းက
အလေးထားဆက်ဆံမှာမဟုတ်သလို ပတ်ဝန်းကျင်ကလည်း ပျက်ရယ်ပြုလှောင်လိမ့်မယ်တဲ့။
ရိုသေလေးစားခိုင်းခြင်းသည် အနိုင်ကျင့်နှိပ်စက်မှုကို ခေါင်းငုံ့ခံခိုင်းတာမဟုတ်ဘူးလို့တော့ ဦးဝဠာ ကပြောပြသည်။

'အိမ်ထောင်တစ်ခုမှာ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုပေးပြီး အလေးထားမှသာ အိမ်​ထောင်ရေးကခိုင်မြဲလိမ့်မယ်...မင်းကိုယ့်ကိုရိုသေလေးစားနေသ၍ ကိုယ်လည်း မင်းကိုကာကွယ်စောင့်ရှောက်သွားမှာ...မင်းကိုယ့်ကိုယုံကြည်နေသ၍ ကိုယ်လည်းမင်းအနားတစ်သက်လုံးရှိနေမှာ
အငယ်...'ဆိုပြီး ဦးဝဠာက ပြောခဲ့ဖူးသေးသည်။

My Man (ငါ့လူကြီး) Where stories live. Discover now