"ဟယ်လို အငယ်..."
"ဟုတ်..."
"ကိုယ်အိမ်ပြန်နောက်ကျမယ်...
အချိန်ကိုတော့ပြောလို့မရသေးဘူး...စောစောအိပ်နှင့်...""နှလုံးအစို့ရှင် ခွဲစိတ်မှုဆိုတာလားဟင်..."
"ဟုတ်တယ် အငယ်...
၇နာရီမှာစပြီးခွဲစိတ်မယ်...""ဦးဝဠာအေးအေးဆေးဆေးနဲ့ စိတ်ဖြောင့်သာဆေးကုပေးလိုက်နော်...သားကရုပ်ရှင်ကြည့်နေတာ ပြီးရင် အိပ်လိုက်ပါ့မယ်..."
"ကောင်းပြီ ကိုယ်စိတ်ချမယ်...
ထမင်းသေချာစားခဲ့ရဲ့လား...""ထမင်းနှစ်ပန်းကန်ဆောင်စားထားတာ...
ဦးဝဠာချက်ပေးခဲ့တဲ့ ဂဏန်းမဆလာဟင်းလေးကအရမ်းကောင်းတာပဲ..."တစ်ဖက်မှလူ၏ အင်းဟူ၍ အသိအမှတ်ပြုသံအဆုံး လူမသိလေအောင်သူပြုံးနေလိမ့်မှာအမှန်။
ချီးကျူးစကားကြောင့်လား။ ဘာကြောင့်မှန်းလား မသိရသော်လည်း သူ၏မျက်နှာလေးရဲတက်သွားလောက်အောင် အပြုံးတွေက ပုံဖော်ပေလိမ့်မည်။ဖုန်းချသွားလေပြီမို့ ရှေ့မှ Mr.Beanကိုထိုင်ကြည့်ပြီးသာရယ်နေလိုက်တော့သည်။ ငယ်ငယ်ကဦးဝဠာကြိုက်သည့် Idolမှာ ဤမျှလောက်ရယ်ရသော Mr.Beanမှန်းသာသိခဲ့လျှင် အဲ့လိုပုံစံအတိုင်း သူ့အရှေ့နေပြနိုင်ရုံနဲ့ အချစ်ခံရမှာအသေအချာ။
ညသည်တဖြေးဖြေးမှောင်လာလေပြီးနောက် အခန်းထဲရောက်လာသူနှစ်ယောက်ရှိနေသည်။
စိုင်းဝဿန်နှင့်ကိုကိုလျှမ်းတို့သာဖြစ်၏။ အန်ကယ်လေးက ကားကုမ္ပဏီအတွက် ပစ္စည်းများသွားယူနေ၍ ကိုကိုလျှမ်းတစ်ယောက်တည်းဖြစ်နေသည်။
ကြက်တူရွေးသားလေးအိပ်ပျော်နေ၍ ပျင်းတယ်ဟုဆိုသော ဝဿန်တို့လည်း Mr.Beanကြည့်ကာ
အော်ဟစ်ဆူညံနေမိတော့၏။"ငါအူတက်သေတော့မယ် ဟ...သူငယ်ချင်းရ..."
"မသေအောင် ရယ်လေကွာ..."
"အေး...ဟားဟားဟား...အိမ်မီးလောင်သွားပြီ..."
"ဟားဟားဟား..ဟားဟားဟား..."
အငယ်တစ်ယောက်အူလှိုက်သဲလှိုက်ရယ်နေ၏။ Mr.Bean၏ဉာဏ်ကောင်းမှုကြောင့် အိမ်မီးလောင်သွားခဲ့သည်။ ယင်ကောင်ကိုဖမ်းရင်း အိမ်တစ်အိမ်လုံးမီးမြိုက်ခဲ့ပုံပင်။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...