"ကားသော့ဘယ်နားကျခဲ့လဲမသိဘူး ဆရာဝင်းထွန်း..."
ဒါရိုက်ဘာအဘ၏ပြောသံကြောင့် ဘေးနားပတ်ပတ်လည်သို့ ကြည့်ရလေပြီ။ခါးကြားထဲလဲမရှိသလို အိတ်ကပ်ထဲ၌လည်းမတွေ့ရ။
"ဒီနားမှာတော့မရှိဘူး သချိုင်းဘက်မဟုတ်ရင် ဇရပ်အဆောင်ထဲမှာ သွားရှာကြည့်ပါလား အဘ..."
ရေဝေးသုဿန်ဖြစ်လေရာ မြေချအခမ်းအနားမှာလည်း ညနေစောင်းပေမို့
အနောက်ဘက်အရပ်သို့ တစ်ဟုန်ဟုန်နဲ့ထိုးကျနေသောနေရောင်မှာလည်း လွမ်းဆွေးဖွယ်ရာအတိနဲ့ မှိုင်းအုံ့အုံ့။ အထီးကျန်စွာနေခဲ့ရတော့မည့် ညီလေးအတွက်လည်း ရင်နစ်စွာငိုကြွေးချင်မိသည်။လူဆိုတာမျိုးက တစ်နေ့ကျသေကြရမည်။
တစ်နေ့မွေးပြီး တစ်နေ့သေရမည်ဆိုတာ လူ့ဘဝရဲ့ဓမ္မတာပင်။ ကံ၊ကံ၏အကျိုးပေးသည် လူတစ်ယောက်နှင့်တစ်ယောက်တော့
မတူကြပေ။ လူသားရယ်လို့ ဖြစ်လာတာနှင့်အမျှ အို၊နာ၊သေဆိုသော ဒုက္ခသစ္စာတရားများကိုခံစားရမည်မှာ ဧကန်မုချမလွဲပေ။လူတိုင်းဟာ တစ်နေ့တော့ခွဲခွာရမည်။
မရဏတရား သေဆုံးခြင်း၊ဝေးကွာရခြင်းဟူသည် လူချမ်းသာ၊ လူဆင်းရဲဟူ၍ခွဲခြားမထားပေ။ ဒီနေ့ဖြစ်မည်။မနက်ဖြန်မှ ဖြစ်မည်ဟူ၍မရှိ။
လူ့ဘဝ လူ့ကံကုန်ပါက ခွဲခွာခြင်းဟူသောအမျိုးနှင့် အခုချက်ခြင်းလက်ငင်းတွေ့နိုင်သလို။ မိနစ်ပိုင်းနှင့်လည်း အလင်းကွယ်လို့ နာမ်ရုပ်တရားဟာ ကွယ်ပျောက်တတ်ပါ၏။သုဿန်ရေဝေးရှေ့တွင်ရပ်လျက် မီးခိုးခေါင်းတိုင်၏ အငေွ့တလူးလူးတက်နေ
ပံုကိုငေးနေသော သူသည်အနက်ရောင်တိုင်းရင်းသားဝတ်စုံကိုဝတ်ဆင်ထား၏။ သက်မတပြင်ပြင်နဲ့ရင်မောနေပုံ ဒေါက်တာဝင်းထွန်း၏ ငြိုးငယ်နေသောမျက်ဝန်းတို့သည် မျက်ဝန်းအိမ်အတွင်း၌ လှပစွာတည်ရှိနေ၏။ တကယ့်ကိုလှသောအမျိုးသား၏ဘေးတွင် ရုပ်တည်အသင့်အတင့်နှင့်ခပ်ညိုညိုအသားအရည်ပိုင်ဆိုင်သော လူငယ်ကောင်လေးတစ်ယောက်လည်း
ရှိနေခဲ့၏။"ဆရာဝင်းထွန်း ခန်းမထဲမှာ ကားသော့ရှာမတွေ့ခဲ့ဘူးခင်ဗျ...မြေကျင်းအနားမှာ မမလေးငိုတော့ဆွဲရင်း ကျခဲ့တာထင်တယ်..."
![](https://img.wattpad.com/cover/331811741-288-k211102.jpg)
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...