Part- 14

7K 343 10
                                    

"ကျွန်တော်က စဝ်ခွန်းဿလွိုင်းရဲ့ရှေ့နေပါ..."

"စဝ်လွိုင်း..."

"ဟုတ်ပါတယ်ခင်ဗျ..."

ရှေ့နေတစ်ယောက်က သေတမ်းစာတစ်ရွက်နဲ့အတူ အမွေတောင်းခံလွှာဟူ၍ ပေးလာသည်။
ရောက်လာရခြင်းအကြောင်းမှာလည်း ညီမလေး၏သားဖြစ်သူ စစ်လွိုင်းခွန်းဿရဲ့ ပိုင်ဆိုင်မှုတွေကြောင့်ဟုဆိုသည်။

အံ့ဩခဲ့ရပါသည်။ တကယ်မထင်မှတ်ထားခြင်းပါ။ တူတော်လေးက ဆုံးသွားခဲ့ပြီမဟုတ်လား။

လွန်ခဲ့သောနှစ်အချို့ကပဲ ညီမတော်လေးနဲ့အတူ ဟော်နန်းကထွက်သွားကြခြင်းပေ။
သူတို့မိသားစုစီးလာခဲ့တဲ့ လေယာဥ်ပျက်ကျပြီးတော့ တိမ်းပါးခဲ့ကြတဲ့သတင်းကြားခဲ့သည်။
နေ့စဥ်ထုတ်သတင်းစာတွေထဲမှာ သတင်းကြီးတစ်ခုအဖြစ် ပါလာခဲ့သေးတယ်မဟုတ်လား။

"စဝ်လွိုင်းနဲ့သူ့ရဲ့မိခင်က မသေသေးဘူးလား...သူတို့အသက်ရှင်နေသေးတယ်လား..."

"မိခင်ကိစ္စက ကျွန်တော်မသိပါဘူး..."

ပြုံးရယ်ပြသော ရှေ့နေလူငယ်လေးက လက်ထဲသို့စာရွက်တစ်ချို့ထည့်ပေးလာသည်။
စာရွက်စာတမ်းတွေကို ဖတ်ရှူ့မိတော့ မိမိရဲ့အဘိုးဖြစ်သူဆီမှ သေတမ်းစာကိုပါမြင်လိုက်ရ၏။

အိတ်ပိတ်ထားသောစာလွှာလေးအထက်ဝယ်
ချစ်ရသောနန်းဆီသို့ဆိုသော စာလွှာလေးလည်းပါခဲ့သည်။

မယ်မယ့်ကို ဖဘုရားဟာ နန်းဟု တင်စားခေါ်ဝေါ်သည်။မယ်မယ်ဟာ ဟော်နန်းရဲ့ဆက်ခံအရှင်ပေမို့ သူ့အား ထိုနာမ်စားကိုခေါ်ခွင့်မပြုခဲ့။

မယ်မယ်က သားသမီးမရနိုင်ခဲ့တာမို့ သူ့ရဲ့အာဏာတွေကိုအသုံးပြုပြီး ဖဖုရားအား နောက်အိမ်ထောင်ပြုစေကာ သားတော်မွေးစေခဲ့သည်။ မယ်မယ်ကြီးရဲ့ အတ္တတွေကတော့ အတောမသတ်နိုင်ခဲ့သေးစဥ်မှာပဲ မှော်ဆရာမ၏အကူအညီယူကာ သူကိုယ်တိုင်သန္ဓေတည်ပြန်၏။

မယ်မယ်ကြီးဟာ သားဆက်မရနိုင်သော အမြုံမဖြစ်နေခဲ့ခြင်းကို ဟော်နန်းထဲတော်တော်များများသိထားကြသည်။ ကိုယ်ဝန်ရှိချိန်ဝယ် လူတိုင်းက အံဩမဆုံးခဲ့ကြပေ။

My Man (ငါ့လူကြီး) Where stories live. Discover now