"ဘာကိုဆိုလိုတာလဲ..."
"သတင်းတွေကြားထားခဲ့တာပါ မယ်မယ်..."
အမျိုးသမီးကြီး၏ လက်ထဲမှရေနွေးခွက်လေးသည် ကြမ်းပြင်ထက်သို့အပြိုပြိုအလဲလဲနှင့် အစိတ်စိတ်အမြွှာမြွှာကွဲကြေခဲ့လေ၏။ အဖြူရောင်ကြွေထည်လေး၏အစိတ်အပိုင်းတွေကပင် ထိုအမျိုးသမီးရဲ့ဒေါသကိုလွင့်စင်မသွားစေဘူးထင်ပါသည်။ ဒေါသတကြီးနဲ့ စားပွဲခုံထက်သို့ လက်သီးဆုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ထုရိုက်အော်ဟစ်တော့သည်။
"ဟုတ်၏ မဟုတ်၏ကို မင်းဘက်ကသေချာစုံစမ်းခဲ့စမ်း..."
"ဟုတ်ကဲ့ပါ မယ်မယ်..."
"ကျုပ်ရဲ့မြေးတော်လေးလွိုင်းသာ ဟုတ်ခဲ့တယ်ဆိုရင် သူ့မယ်တော်ရဲ့နာမည်ကိုသေချာမှတ်သွားလိုက်...မြေးတော်ကိုရအောင်ခေါ်ခဲ့..."
ခပ်တိုးတိုးကပ်ပြောလိုက်တော့ တော်ဝင်အစောင့်အရှောက်က ခေါင်းငြိမ့်ကာအမိန်းနာခံ၏။
ထွက်သွားလေသူအစေအပါးကိုကြည့်ကာ
စဥ်းစားမိလေ၏။ နံရံတွေမှာနားတွေရှိရုံမက ကျုပ်ဘေးမှာလည်း နားတွေရှိနေနိုင်တယ်မဟုတ်လား။"ရွှေစာရေ ကျုပ်တို့ဘိုးဘေးခန်းမကိုသွားရအောင်ကွယ်..."
"မယ်မယ်ကြီး နန်းဆောင်အရှင်နဲ့တွေ့ရပါဦးမယ်..."
"ဘိုးဘေးခန်းမမှာတွေ့ဖို့ပဲခေါ်လိုက်မယ်...ကျုပ်ဆီတယ်လီဖုန်းပေးပါဦး..."
"ဟုတ်ကဲ့ပါ မယ်မယ်ကြီး..."
ဘေးနားကငယ်ကျွန်ကို ခေါ်ယူလို့ ဟော်နန်း၏ဘိုးဘေးမြှုပ်နှံရာ ခန်းမတော်အဆာင်သို့ သွားရန်ပြင်ရသည်။ သမီးတော်ကိုစွန့်ပစ်ခြင်း မဆိုနိုင်သော်လည်း စောင့်ရှောက်မှုလည်းမပြုခဲ့မိပေ။
အထင်မှားကာယိုကိုးပြီး မှားယွင်းစွတ်စွဲမိခဲ့၏။ မြေးတော်လေးကိုလည်း ကုန်းတိုက်စကားတွေကြောင့် မလိုလားခဲ့ပေ။
နောင်တတွေရနေပြီမို့ သမီးတော်ရဲ့မိသားစုကို ပြန်လည်တွေ့လိုပါသည်။အဲ့ဒီဆေးရိုးသည်မျိုးရိုး ဆရာဝန်မျိုးရိုးကို
မလိုချင်မိရုံ။ မပတ်သတ်ချင်ခဲ့ရုံသာရှိခဲ့သည်။ သားသမီးတွေအပေါ် ကောင်းစားစေချင်၊ ချမ်းသာစေချင်၊တင့်တယ်စေချင်တာက မိဘတိုင်းရဲ့ စေတနာမတ္တာတွေသာ။
အမြင့်ဆုံးမှာ ပျံသန်းနေတဲ့ငှက်ကလေးတွေလို သားသမီးတွေရဲ့ ဘဝကိုမြင့်မားစေချင်ကြသူများမှာ မိဘများသာဖြစ်လိမ့်မည်။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...