Part-7

9.1K 485 25
                                    

ခြံပြင်ထွက်စောင့်နေပါသော ဒေါ်နန်းလှ၊ ခြံစောင့်တွေနဲ့အတူ အိမ်အကူတချို့က အရိပ်က​လေးမြင် ရရုံရှိသေး အပြေးအလွှားကြိုလာကြလေ၏။

"မင်းသားလေးရယ် ဘာကြောင့်များ ကားကိုအခေါ်မထောက်တာလဲ..."

"မထောက်ချင်ပါဘူး..."

မျက်စောင်းထိုးကာထွက်သွားလေသော မင်းသားလေးက ဆူပုတ်စောင့်အောင့်နေလေ၏။ မင်းသားလေးရဲ့အခုလိုပုံစံတွေကို မယ််မယ်တို့သာသိပါရင် ပြဿနာတွေတတ်နိုင်တာကိုသိပါသည်။
မင်းသားလေးကိုမွေးဖွားစဥ်ကတည်းက နန်းလှကပဲ ထိန်းခဲ့ရ၊စောင့်ရှောက်ခဲ့ရတာမို့ သားအရင်းလေးလိုချစ်ခင်မိသည်။ သို့သော်မင်းသားလေးသည် ဘယ်တော့မှ ရင်ကျက်မလာခဲ့ပါ။

အခုတစ်မျိုးပြောပြီး နောက်ကျလုပ်ချင်ရာလုပ်တတ်သူ။ အခုလည်း မင်းသားလေးဆရာဝန်အလုပ်လုပ်နေတာကိုသိပါသည်။
နန်းလှအတွက်မင်းသားလေးက တူလေး၊သားလေးလိုဖြစ်နေ၍ မယ်မယ်တို့ဆီအထောက်မထားချင်။ မတိုင်တန်းချင်ပါ။

မင်းသားလေးက အရမ်းအထီးကျန်နေသောကလေးလေး။ နန်းတော်ထဲလဲ အမြဲတမ်းလိုလိုတစ်ယောက်တည်းနေခဲ့ရ၏။ ဟိုးတုန်းကလည်းအနေအေးပြီး တဇွတ်ထိုးလုပ်တတ်သောအကျင့်နဲ့ အခုလိုနန်းတော်ရဲ့ အပြင်ကိုထွက်လာလေတော့
လူဆိုး၊လူယုတ်မာတွေနဲ့ ကြုံကြိုက်မှာစိတ်ပူမိ၏။
ကိုယ်ခံပညာ၊လက်ဝှေ့၊ရှမ်းဓားသိုင်းနဲ့ ဝူရှူးသိုင်းပညာတို့တတ်မြောက်ထားသော်လည်း
မင်းသားလေးကိုစိတ်ပူပါ၏။

'လူဆိုးဆိုတာ ဂျိုပါတာမှမဟုတ်လေပဲ
လူယုတ်မာဆိုတာကလည်း နေရာတိုင်းကထွက်လာနိုင်တယ်လေ... '

"မင်းသားလေးရေချိုးပြီးပြီလားကွယ်..."

ရေချိုးခန်းထဲကထွက်လာချိန် အခန်းရှင်းလင်းပေနေသည့် ဒေါ်နန်းလှ။
အထိန်းတော်ကြီးပေ။ မဖြစ်ဖူးလေ ဂျူတီကုတ်တွေနဲ့ ဆေးစာရွက်တွေရှိတယ်။

"ဒေါ်နန်း မထိနဲ့ရတယ်... ကျုပ်ပဲလုပ်လိုက်ပါမယ်..."

"မင်းသားလေးဆရာဝန်ဖြစ်နေပြီဆိုတာ ဒေါနန်းလှသိပါတယ်..."

"ဟမ်..."

"မယ်မယ့်ကိုမတိုင်ပါဘူး... မင်းသားလေးသတိနဲ့နေနော်ကွယ်..."

My Man (ငါ့လူကြီး) Where stories live. Discover now