Part - 35

5.4K 298 55
                                    

မနေ့ညကကြီးမေအိမ်ပြန်မလာပါ။
အန်ကယ်လေးကယောကျာ်းနောက်လိုက်ပြေးနေ၍ အိမ်မှာမရှိခဲ့ပေ။ ခြံစောင့်လင်မယားက ဘုရားဖူးသွားနေကြသည်။ ဦးဝဠာက သူတို့ကိုခွင့်ပေးပြီး မုန့်ဖိုးတွေလည်းပေးလိုက်သေး၏။

မှိုင်းညှို့ငယ်လေးလက်ဖြန့်မိတော့ လက်ကိုဖြတ်ရိုက်ခံလိုက်ရ၍ မပျော်တော့ပါ။ မုန့်ဖိုးမပေးတဲ့ဦးဝဠာက လူကိုလည်းပစ်ထားတာတစ်ညလုံး။ တစ်ယောက်တည်းစောင်ခြုံအိပ်နေရတဲ့ဘဝက ဘယ်လောက်သနားစရာကောင်းလဲသိကြလား။
ဖက်လုံးလေးကိုဖက်ပြီး အေးစိမ့်စိမ့်အခန်းထဲစောင်လေးခြုံအိပ်ရတဲ့ ဘဝကိုတွေးပြီး ငိုချင်တာတော့အမှန်။

"ဦးဝဠာ ညက အခန်းမှာပြန်လာမအိပ်ပဲဘယ်သူနဲ့အိပ်တာလဲ..."

စာအုပ်ဖတ်နေသူက စာအုပ်ဆီမှအကြည့်မခွာလေပဲ စကားပြောနေသူကိုလည်း ပြန်လို့ခွန်းတုန့်မပြန်ပေ။

"မျက်မှောင်ကြုံ့ပြီးအဲ့လိုနေတာ ရိုင်းတယ်နော်..."

စာအုပ်ဖတ်နေပါသောဦးခေါင်းလေးက ငုံ့ငေးနေရာမှ စောင်းငဲ့သွားချိန် တစ်ဖက်မှ လေသံမာမာလေးဆီက ရယ်သံလေးကြားရလေ၏။ လှေကားအဆင်းအတက်လေးတွင် ရပ်နေသောကောင်လေးက ယုန်ဖိနပ်လေးစီးထားပြီး မျက်နှာချိုသွေးနေလေ၏။

"မှိုင်းညှို့ငယ်...."

"ဗျာ..."

"မင်း ငါ့ရဲ့ဒေါသကိုဆွနေတာလား..."

"..."

"အိမ်ရှေ့ထွက်ပြီးမြက်သွားနှုတ်...
မြက်တွေက မင်းကိုလွမ်းနေလောက်ပြီ..."

"ဦးဝဠာကိုသူတို့ပြောတာလား..."

"မှိုင်းညှို့ငယ်..."

လှစ်ခနဲပြေးသွားလေသောအရိပ်လေးပျောက်ကွယ်သွားမှ သက်ပြင်းကိုချပြီး မျက်ဝန်းတွေကို ခေတ္တမှိတ်ကာ အနားယူရပေဦးမည်။

တစ်ညလုံးမအိပ်ရသေးပေ။ ဘယ်သူ့လက်ချက်လဲ ရှင်းပြစရာမလိုအောင် တစ်အိမ်လုံးနှစ်ယောက်တည်းသာရှိသည်။

မနေ့ညကတည်း
ညစာစားပြီးအငယ့်ကို အိမ်ပေါ်တက်ခိုင်းလိုက်ရသည်။
ပန်းကန်ဆေးပေးမယ်ဟုဆိုကာ ပန်းကန်နှစ်ချပ်ကို စေတနာပါပါနဲ့ခွဲလိုက်လေသော ဒင်းကြောင့် ကိုယ်တိုင်သာပန်းကန်များဆေးရလေ၏။

My Man (ငါ့လူကြီး) Where stories live. Discover now