Part - 36

5.2K 291 30
                                    

ထမင်းချိုင့်လေးကိုင်ရင်း အမျိုးသားအတွက် ထမင်းပို့ပေးနေရသော ကြည်နူးမှုလေးသည် ဘယ်အရာနဲ့မှလဲ၍မရပေ။ ကိုယ်တိုင်ချက်သောထမင်း၊ ဟင်းလေးတွေနဲ့ပါဆိုလျှင် ဘယ်လောက်တောင်ကြည်နူးရလိမ့်မလဲ။

ဦးဝဠာက ရာဇသံပေးထား၏။
"မီးဖိုချောင်ထဲအငယ်မဝင်ရ"ဟူ၍။

အငယ်ရဲ့ဓာတ်ပုံနဲ့ကို မီးဖိုခန်းအရှေ့မှ
မြန်မာလိုရော အင်္ဂလိပ်လိုပါရေးထားခြင်းပေ။

အနီရောင်စက်ဝိုင်းထဲက ကိုယ့်မျက်နှာကိုမြင်တိုင်း ရယ်ရတာလဲ အမော။ အဲ့ဒီလိုရာဇသံပေးရခြင်းအကြောင်းမှာလည်း အငယ်ဆိုး၍မဟုတ်ရပါ။

မီးလောင်တဲ့နေ့က အိမ်သန့်ရှင်းရေးလုပ်နေရသည်။ အိပ်ယာပေါ်သေးပေါက်ချတဲ့အပြစ်ဒဏ်ပေမို့ ဦးဝဠာခိုင်းသမျှ မငြိုငြင်ရက်ပေ။

စေတနာဝေအပြည့်ဖြင့် ပဲကုလားဟင်းလေးချက်ပေးဖို့ပြင်ဆင်မိ၏။
လွန်ခဲ့တဲ့ရက်ကပဲ အိမ်အနောက်ခန်းမီးလောင်သွားခဲ့သည်။ ထမင်းအိုးတည်ပေးသည်။ ရေထည့်ရမယ်လို့ဘယ်သူမှမပြော၍ ဆန်သုံးကြိမ်​ေရဆေးပြီး မီးဖွင့်ထားလိုက်သည်။

ပဲဟင်းအတွက် ပဲပြုတ်ပေးဖြစ်သည်။ ပဲပြုတ်လျှင် ဝေကျတတ်တဲ့လို့ ဘယ်သူကပြောပြလို့လဲ။ ဝေကျသော ပဲဟင်းတွေနဲ့အတူ ဒစ်စကွိုင်းနင်းတွေဖြစ်ပြီး အိမ်နောက်ဖေးမီးလောင်၏။

"မှိုင်းညှို့ငယ်လေးရေ ဒေါက်တာဦးဝဠာထွန်း ခွဲခန်းထဲမှာပဲရှိသေးတယ်..."

"ဟုတ် တီချယ်ကြီး... အခန်းထဲမှာစောင့်နေလိုက်ပါ့မယ်ခင်ဗျ..."

ထမင်းချိုင့်လေးနဲ့ကော့ကော့ကြော့ကြော့ထွက်သွားလေသော ကောင်လေးကလွန်စွာချစ်ဖို့ကောင်းပြီး လိမ္မာရေးခြားရှိသည်။
ဒေါက်တာဝဠာထွန်း ချစ်တာလဲမပြောနဲ့
ဆေးရုံတစ်ခုလုံးက သူနာပြုတွေတင်မက
ဆရာဝန်ကြီးများကပါချစ်ကြသည်။

လွန်ခဲ့တဲ့ရက်ကစိတ်ရောဂါကုဆေးရုံဘက်မှာဖြစ်ခဲ့သောကိစ္စကိုဆိုလျှင် ပြန်ပြောမိ​ြကတိုင်း ရယ်ရတာအမော။ ဒေါက်တာကလည်း
နေ့တိုင်း၊ နေ့တိုင်းသူ့ရဲ့ဖေ့စ်ဘုတ်အကောင့်တွင် သူ့၏ကောင်လေးနဲ့ပတ်သတ်သော ပိုစ့်မျိုးစုံတင်ထားတတ်သည်။

My Man (ငါ့လူကြီး) Where stories live. Discover now