Part-27

5.2K 282 23
                                    

"ဦးဝဠာ ရှိလား..."

"သိချင်လား..."

"သိချင်လို့မေးတာပေါ့..."

ခြံရှေ့မှာစကားရပ်ပြောနေကြသော ကောင်လေးနှစ်ယောက်ရှိသည်။ တစ်ယောက်ကကြက်တူရွေးကိုပခုံးပေါ်တင်ထား၏။

အငယ်တစ်ယောက်သစ်ပင်ဖြတ်သောကတ်ကြေးကိုကိုင်ထားရပုံပေါက်လျှင်တော့ ပြေးကြည့်စရာမလိုပေ။ သူအပြစ်ပေးခံနေရကြောင်းသိသာသည်။ မြက်တွေနှုတ်နေရပြီနေမည်။

"ဦးဝဠာရှိလား...မရှိဘူးလား... လမ်းဖယ်..."

ပြန်လဲမပြော၊လမ်းလဲမဖယ်ပေးသော မှိုင်းညှို့ငယ်။ နှုတ်ခမ်းတွေကိုမဲ့ကာ ​ြခံတံခါးရှေ့ရပ်နေ၏။ ဖယ်ခိုင်းလိုက်မှပဲ မြက်မရှိသော လေဟာနယ်ကိုမျက်နှာမူပြီး ကတ်ကြေးနှစ်ဖက်ကို ညှပ်နေတော့သည်။

"ဟေ့ကောင် မှိုင်းညှို့ ငါ့ကိုညှပ်မိမယ်..."

"..."

"ဟာ...ပြောနေတယ်လေ..."

ကတ်ကြေးနဲ့ညှပ်နေသယောင် ထင်ရသော်လည်း သူတကယ်ကိုညှပ်နေပါ၏။ မှိုင်းညှို့ညှို့​​ငယ်ကြောင့် စိုင်းဝဿန်မှာလည်းထွက်ပြေးနေရလေပြီ။ အငယ်တစ်ယောက်ကလည်း လုံးဝအလျော့မပေး။ စိုင်းဝဿန်ကို ခြံထဲမဝင်နိုင်အောင် တားဆီးပိတ်ပင်နေပါသည်။

ခြံရှေ့မှာကလေးကြီးနှစ်ယောက် ပတ်ပြေးနေပုံကိုကြည့်ပြီး ဝရန်တာမှလူကြီးနှစ်ယောက်ကလည်း ရယ်နေလေတော့သည်။
တစ်ယောက်မှာလက်ပိုက်ပြီး ကြည့်ရင်းပြုံးနေ၏။ ကျန်တစ်ယောက်မှာတော့ ထိုလူ့ကိုကြည့်ရင်း အပြုံးရယ်မမည်၊ သက်ပြင်းရယ်မမယ်သော နှာဖျားဝမှလေတစ်ချို့ကိုမှုတ်ထုတ်နေ၏။

"ဝဠာ...ဘယ်လိုလဲ အိမ်ထောင်ရေးအဆင်ပြေရဲ့လား..."

"..."

အကြည့်လေးတစ်ချက်နဲ့သာ တစ်ဖက်လူ
၏စကားကို အသိအမှတ်ပြုလိုက်ပြီးနောက်ထိုင်ခုံပေါ်သို့ မိန့်မိန့်ကြီးထိုင်လိုက်လေတော့သည်။ ခြေထောက်နှစ်ဖက်ကိုအကျအနချိတ်လို့ မသိမသာလေးပြုံးလိုက်လေ၏။

"အိမ်ထောင်ရေးကတော့ ကလေးထိန်းနဲ့မခြားနားပဲလေ...ခင်ဗျားမြင်တယ်မဟုတ်လား..."

My Man (ငါ့လူကြီး) Where stories live. Discover now