Part - 20

6.5K 304 23
                                    

မယ်မယ်လည်းထွက်သွားခဲ့ပြီ။ အခန်းရှေ့မှာလည်း အစေ့ာင်နှစ်ယောက်ချခဲဲ့ပြီး ခြံပတ်ပတ်လည်မှာလည်း လုံခြုံရေးတွေထားခဲ့လေ၏။ တကယ်တွေးမိပါသည်။ စောင့်ခိုင်းခဲ့ပြီးပြန်မလာတော့တဲ့ အဲ့ဒီလူပဲ မှားခဲ့တာလား။ ကိုယ်တိုင်ပဲမှားခဲ့လားဆိုသည့်အကြောင်းများ။

မျက်နှာကျက်ကိုငေးရင်း ဝေ့ဝဲလာတဲ့မျက်ရည်တွေကိုပုတ်ခတ်ရင်းနဲ့ မရေမရာသောအတွေးတွေထဲ သူသိခဲ့၊ သူမျက်မှန်းတန်းမိခဲ့တာ အဲဒီလူကိုသာ။
အတူတူနေချင်ခဲ့တာ အဲ့ဒီလူနဲ့လားဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိခဲ့ပါ။ ကိုယ်တိုင်ကလည်း လေ့ကျင့်မှုတချို့ရှိခဲ့သည့်တိုင်
ပုထုစဥ်တစ်ယောက်ပေ။ တဏှာရာဃကုန်ခမ်းနေတာမှမဟုတ်ပဲ။ အဲ့ဒီညကအကြောင်းတွေကို ပြန်တွေးမိတဲ့အခါ နာကျင်ရပြန်၏။

အဲ့ဒီမကောင်းတဲ့ လူတစ်ယောက်ကိုလည်း အပြစ်မတင်ရက်ပါ။ ကိုယ်တိုင်ကလည်း ခင်မင်ခဲ့၊သိခဲ့ပါသော လူကိုကာကွယ်ပေးခဲ့မိတာမို့လေ။ ဆေးမိသွားလို့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာလား။

အဲ့ဒီတုန်းကခံစားချက်တွေဟာလည်း ရှုတ်ထွေးနေခဲ့၏။ အမြဲတမ်းလုပ်ချင်ရာလုပ်တတ်သူ၊ ပထမဦးဆုံးအနမ်းကို သူပိုင်ခဲ့တာမဟုတ်သော်လည်း
ဒုတိယမြောက်လူကတော့ အဲဒီလူ ဒေါက်တာဝင်းထွန်းသာ။

'ဒေါက် ဒေါက်...'

တံခါးခေါက်သံကြားနေရသော်လည်း လျစ်လျူရှူ့ထားလိုက်မိ၏။ မယ်မယ်နဲ့မမတို့လည်း စကားများနေကြမှန်းသိပါသည်။

မမပြောသွားတဲ့စကားတွေထဲ 'လုပ်ချင်ရာလုပ်ပစ်လိုက်...သားစိတ်ထဲရှိသမျှ အကုန်လုပ်ပစ်လိုက်...မမရှင်းမယ်တဲ့လေ...'
ကိုယ်ဝန်ဆောင်သည် မမက ဟိုးလွန်ခဲ့တဲ့အချိန်က မမနဲ့ လုံးဝမတူတော့ပေ။
ရဲရင့်လာပြီ။ ခံစားချက်တွေလည်းပြတ်သားလာခဲ့၏။ စိတ်ဓာတ်တွေလည်း တင်းမာနေခဲ့သည်။

ဟိုးတုန်းကလိုပျော့ဖတ်ဖတ်လေးမဟုတ်တော့သော်လည်း ဝမ်းနည်းလွယ်လွန်းနေတဲ့ မျက်နှာဖုံးတွေကို ဖုံးအုပ်ထားသော်လည်း
ရဲရင့်ဖို့အမြဲပြောနေသော်လည်း မိဘနဲ့သားသမီးကြားကသံယောဇဥ်ကို ဘယ်လိုဖြတ်မလဲ။

My Man (ငါ့လူကြီး) Where stories live. Discover now