Part - 38

4.9K 292 31
                                    

တပို့တွဲလပေမို့ တောင်ကြီးဆောင်းရဲ့အအေးဒဏ်က အံတုမရနိုင်သေး။ မနက်ခင်းအစောကြီး ထင်းရှူးတောလမ်းမှာ အသေးလေးရဲ့သဘောကျ ဓာတ်ပုံလေးတွေရိုက်ပေးရသေး၏။

"ထင်းရှူးတောကြီးပေါ်အောင်ရိုက်ပေးနော်...
လူမမြင်ရလဲရတယ်သိလား ဦးဝဠာ..."

"အိုကေ..."

ကင်မရာအမဲကိုလည်ပင်းမှာသိုင်းထားလေသော ဂျင်းပင်အပြာနဲ့လူတစ်ယောက်သည်
ခပ်ဟော့ဟော့ကောင်လေးရဲ့သဘောအကျ
ဓာတ်ပုံလှလှလေးများရိုက်ပေးနေလေသည်။

"အငယ် ဒီနားလာခဲ့..."

"လာပါပြီ..."

"ပြေးမလာနဲ့...ချော်လဲမယ်..."

ခြေလှမ်းတွေကိုအရှိန်သပ်လိုက်လေသူက အရှက်မရှိပြုံးပြနေတာမို့ မျက်ထောင့်ကပ်ရုံကြည့်ပြီးသာ ရုပ်တည်ထားရ၏။ အလိုလိုက်လို့လဲမရ၊ ကြမ်းတမ်းဖို့လဲမတွေးသာတော့
မာန်မဲချိန်းခြောက်ရုံသာ တတ်နိုင်တော့သည်။

"သားရဲ့ပုံလေးတွေလှလားဟင်..."

"အင်း!! ချစ်စရာကောင်းတယ်..."

ကင်မရာအတွင်းမှဓာတ်ပုံလေးတွေကို တစ်ပုံခြင်းပြနေလေသော ဦးဝဠာက ကြည်နူးစွာပြုံးနေသည်။ သူ၏ဘေးတွင်ရပ်နေရာမှ လက်မောင်းကိုချိတ်လိုက်သည့်အခါ စကားသံတို့ရပ်တန့်ကာ လှည့်ငေးကြည့်လာ၏။

လက်မောင်းတစ်ခုလုံးကိုပွေ့ပိုက်ကာ ဖက်တွယ်လိုက်သည်။ ပြုံး၍ရယ်နေသော
နှုတ်ခမ်းဖျားတွေကလည်း တင်းတင်းကြပ်ကြပ်ပိတ်မသွားသေးပုံပေါက် စိတ်ဆိုးခြင်းအလျဥ်းမရှိလောက်ပေ။

"သားနဲ့အတူတူ ဓာတ်ပုံရိုက်မယ်လေ ဦးဝဠာ..."

မရဲတရဲစကားသံနဲ့အတူ လျှပ်တဖြတ်အကြည့်လေးက ခိုးကြည့်နေရာကပျောက်ကွယ်သွားလေပြီ။ အကျီ၏ခေါင်းစွပ်အောက်တွင် တည်ရှိနေသောနှုတ်ခမ်းလေးကို သွားသေးသေးလေးတွေနဲ့ကိုက်ခဲနေ၏။

ကိုယ်ပိုင်နေပြီဖြစ်တဲ့ ကိုယ့်ယောကျာ်းပဲ
အတူတူဓာတ်ပုံရိုက်မယ်ပြောလဲ ကြောက်စရာမရှိဘူးမဟုတ်လား။

ဘယ်တုန်းကရော ကြောက်ခဲ့ဖူးလို့လဲ။ ပြန်တွေးကြည့်တဲ့အခါ သူကြောက်ခဲ့တာ လူကိုမဟုတ်ပေ။ ဒီကလေးငယ်အခုထိ ကြောက်ချင်ယောင်ဆောင်နေတုန်းပဲလား။

My Man (ငါ့လူကြီး) Where stories live. Discover now