Part - 53

6.1K 267 21
                                    

ငါးလရှိနေသောကလေးတွေကို ပွတ်သပ်ပေးရင်း စဥ်းစားဖြစ်သည်။
ကိုယ်ဝန်ရှိနေခြင်းကိုသိလိုက်ရချိန်က တစ်လလောက်သာရှိသေး၏။ ထိုနေ့ကဦးဝဠာယောက်ယတ်ခတ်ခဲ့သော နေ့တစ်နေ့လေးပင်။

ဘဝရဲ့အပျော်ဆုံးသောနေ့ တစ်ရက်​ဖြစ်ခဲ့သည်။

ဦးဝဠာဆီမှ ဂရုစိုက်မှုထက်ပိုသော ကြင်နာမှု၊နွေးထွေးမှုတွေအပြင် အလိုလိုက်ခြင်းဆိုသောခေါင်းစဥ်တစ်ခုကိုလည်း ဦးဝဠာက ဖန်တီးပေးခဲ့၏။

ဘယ်အရာကြောင့်ကိုယ်ဝန်ရခဲ့သလဲ။

မင်္ဂလာဆောင်ပြီးကတည်းက ဦးဝဠာကအဖော်မဆောင်တော့ပေ။ အဓိဋ္ဌာန်ဝင်ခဲ့သည်။ ဘိုးဘေးများ၏အုတ်ဂူရှေ့ဝယ် နန်းဆောင်ရှေ့ဝယ် သုံးရက်၊သုံညထမင်းမစား၊ရေမသောက်ပဲ လိုချင်သော သားဆုကိုတောင်းခံခဲ့သည်။

သူ့ရဲ့မွေးနေ့​ စနေ​ေန့ရောက်တိုင်း သတ်သတ်လွတ်စားသလို အငယ့်မွေးနေ့ဗုဒ္ဓဟူးနေ့ရောက်တိုင်းလည်း သတ်သတ်လွတ်စားသေး၏။ နေ့စဥ်ပဋ္ဌာန်းရွတ်သလို ဘုရား၊တရားနဲ့ဘာသာရေးကိုင်းရှိုင်းသူကို ဘိုးဘေးတွေကဆောင်မကြည့်ရှူ့လိုက်သည်ထင်၏။
အမြွှာလေးနှစ်ယောက်ရလာခဲ့သည်။

"ကားသံကြားတယ်ကလေးတို့ရေ...Daddyပြန်လာပြီထင်တယ်..."

ဗိုက်ကလေးကို မပြီးထိုင်နေရာက ထလိုက်လေသောအငယ်က ကားယားလေးလမ်း​ေလျှာက်ကာ အိမ်ရှေ့သို့ထွက်သွားလေ၏။
ယုန်ရုပ်အကျီထဲဝယ်ကလေးတွေနဲ့အတူ သူ၏ကိုယ်လုံးလေးကပါနစ်မြုပ်နေသေးသည်။

"ဦးဝဠာ ပြန်လာပြီ..."

"လာမကြိုဖို့မှာထားတယ်လေ...မင်းဘာမင်းသက်သာသလိုနေပါ..."

"အကျင့်ဖြစ်နေပြီလေ...ကားသံကြားရင်ပြေးကြိုတာ အကျင့်ဖြစ်နေပြီ..."

"ပြေးလာတာလား...ဘယ်နားကနေပြေးလာတာလဲ..."

ခေါင်းခါပြတာကိုပင် မျက်မှောင်ကြုတ်ကြည့်နေသူကြောင့် ဘယ်လိုရှင်းပြရမလဲလေ။
ဗိုက်ထဲကနှစ်ယောက်နဲ့ဆို လူသုံးယောက် ဘယ်လိုပြေးမလဲလို့ နာသွားမှာပေါ့။

"မပြေးဖို့မှာတာက မင်းတစ်ခုခုဖြစ်မှာ ကိုယ်ကစိုးရိမ်လို့..."

My Man (ငါ့လူကြီး) Where stories live. Discover now