နန်းတက်ပွဲကျင်းပဖို့ရာ အချိန်သုံးရက်သာလိုတော့သည်။ နေ့ကောင်း၊နေ့မြတ်ဟူ၍ တွက်ချက်ပြီးသည့်အခါ သောကြာနေ့သည်လပြည့်ကျော်တစ်ရက်နေ့ဖြစ်ပြီး နေ့ကောင်း၊ရက်မြတ်တစ်ရက်ဖြစ်နေသည်။ ဟော်နန်း၏အရှင်သခင်ဖြစ်ဖို့ရာ ဘာတွေလိုအပ်သလဲတော့မသိပေ။ နန်းတော်ထဲမှာတော့သင်ပေးနေကြသည့်အရာများက တော်တော်လေးခေါင်းခြောက်ဖွယ်ရာတွေသာ။ ဦးဝဠာနဲ့လည်းတွေ့ခွင့်မပေးသလို စီးပွားရေးဆိုသော နန်းတော်၏စီးပွားရေးကိစ္စတွေကို သင်ပေးနေ၍
ဂဏန်းပေါင်းစက်နဲ့ပေါင်းနှုတ်၊ မြှောက်စားနေရသေးသည်။
'သေချာလေ့လာနိုင်ရင် အာဘွားပေးမယ်ဆိုသော ဦးဝဠာကြောင့်သာ...'
"အဘွားတော်..."
"မြေးတော်လေးပြော..."
"သားမေးချင်တာရှိလို့ပါဗျ..."
"မေးလေး မြေးတော်လေး...အဘွားတော်ကအကုန်ပြောပြမှာပေါ့..."
"သားကိုအဘွားတော်က မလိုချင်ခဲ့ဖူးဆို..."
ပန်းသီနေသော အဘွားတော်၏လက်ကလေးတွေဟာ တုန်ရီလို့နေ၏။ ရုတ်တရက်မေးလိုက်လေသောအငယ့်စကားက တစ်ဖက်သူကိုမျက်ရည်ဝဲစေသည့်တိုင် သူလေးကတော့အပြုံးမပျက်။ အဘွားတော်၏ မျက်နှာအမူအရာတစ်ခုခြင်းဆီကိုသာ ငေးကြည့်လျက်။
"အဘွားတော်ပြောဖို့ ခဲယဥ်းနေလဲရပါတယ်ဗျ...
မမေးခဲ့ဖူးလို့ပဲ သဘောထားလိုက်နော်..."
"အားနာနေတာပါ...မြေးတော်လေးကို တကယ်အားနာမိပါရဲ့ကွယ်... ဒီအဘွားကြီးရဲ့အမှားတွေက တကယ်ခွင့်မလွှတ်နိုင်စရာတွေပါကွယ်..."
မျက်ရည်တွေကျလျက်ငိုနေသော ပါးရေများ တွန့်ကွေးနေသည့် ပါးပြင်လေးထက်ဝယ် လက်သွယ်သွယ်လေးတစ်ဖက်က ငြင်သာစွာဖြင့် နာကျင်ခြင်းတွေကိုဖယ်ရှားပေးနေသည့်တိုင် မျက်ဝန်းတို့ကတားမရ၊စီးမရသောနာကျင်ခြင်းတွေကိုသာ ထပ်တလဲလဲထုတ်လွှတ်နေခဲ့၏။
"မြေးတော်လေးက ဘယ်လိုပြောရမလဲကွယ်..."
"ဘာကြောင့်ဆိုတာတော့ နားထောင်ကြည့်ချင်တယ်...မငိုနဲ့တော့လေနော်...
သားမှာအမေနဲ့အဖေနဲ့မရှိပဲနေခဲ့ရတာ ဝမ်းမနည်းပါဘူး...တစ်ခါတလေရွယ်တူတွေက သူတို့အမေတွေ၊ အဖေတွေရဲ့လက်ကိုကိုင်ထားကြရင်တော့ သားလဲသူတို့လိုဖြစ်ချင်ခဲ့တယ်...
အဘွားတော်သိလား... ငယ်ငယ်ကဆို သားကိုဘယ်သူမှမလိုချင်ကြဘူး...အဖေ့ရဲ့အမအိမ်မှာ
သွားနေခဲ့ရတယ် အဖွားလွှတ်လိုက်တဲ့လူတွေ သားနောက်လိုက်နေကြလို့တဲ့လေ...
အဖေ့ရဲ့အမဆိုတဲ့သူကလေ အဖေ့အရှေ့တော့အရမ်းကောင်းခဲ့တာ...ကွယ်ရာမှာတော့ သူတို့အိမ်အလုပ်တွေအပြင် အဝတ်တွေပါ သားကိုလျော်ခိုင်းတယ်...ကြမ်းတွေတိုက်ရတယ်...
နွားစာတွေကျွေးရတယ်...သားအသက်၅နှစ်ပဲရှိသေးတာ...သားငယ်ငယ်ကစကားမပြောတတ်ဘူး... အဘွားရဲ့ဟော်နန်းကလူတွေကြောင့် ထွက်ပြေးရင်း ပုခက်ပေါ်ကပြုတ်ကျလို့ အာရုံကြောလွတ်သွားခဲ့တာ... စကားမပြောနိုင်ခဲ့ဘူး...လူတွေက သားကိုရူးနေတယ်လို့ထင်ကြတယ်...သားက ဉာဏ်အရမ်းကောင်းတယ်ဆိုပြီး ဦးဝဠာကအမြဲပြောတယ်"
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...
