လွန်ခဲ့သောတစ်ချိန်က,
ကောင်မလေးတစ်ယောက်သစ်ပင်ကြီးအောက်တွင်ထိုင်ကာ ရယ်နေလေ၏။ သူ၏ရှေ့တွင် ရန်ဖြစ်နေသောကောင်လေးနှစ်ယောက်ကိုကြည့်ကာ သဘောတကျရယ်နေလေသည်။
"တော်ကြပါတော့...ငါမရယ်နိုင်တော့ဘူး...
'ခွန်းစဝ်သီလ' နင်ကလည်း 'ခွန်ဝဿန်ထွန်း'ကိုဆို အရမ်းအနိုင်ကျင့်တာပဲ...""အဲ့ကောင်ကို နင်ပဲပြောလိုက်တော့ နန်းနွယ်..."
'ခွန်းစဝ်သီလ'၏လက်မောင်းကြားထဲ သူ၏ခေါင်းလေးဖျစ်ညှစ်ခံထားရလေ၏။ 'နန်းနွယ်' ရှေ့တွင်သပ်သပ်မယ့်အနိုင်ကျင့်ပြနေသော သူကလည်း တကယ်တမ်းတော့နာကျင်အောင်မလုပ်ခဲ့ပေ။ ဒီနေ့မနက်ခင်းကတည်းက 'နန်းနွယ်' ရဲ့မျက်နှာလေးငြိုးနွမ်းနေခဲ့၏။
တက္ကသိုလ်တက်ရတော့မှာမို့ မန္တလေးသို့သွားကြရမည်။ 'နန်းနွယ်'လို အနွယ်တော်သူဋ္ဌေးသမီးလေးက အဆောင်နေကျောင်းသူလေးအဖြစ် တက္ကသိုလ်တက်ခွင့်ရပါ့မလား။
'ခွန်းစဝ်သီလ'ကရော ဆေးကျောင်းတက်ခွင့်ရပါ့မလား။"ငါတို့ခွဲရတော့မလားမသိဘူးနော်..."
"ဘာလို့လဲ အနွယ်ရဲ့ ငါတို့သုံးယောက်အတူတူတက္ကသိုလ်တက်လို့ရပါသေးတယ်..."
မယ်မယ်ကဆရာဝန်မျိုးရိုးဖြစ်တဲ့ ဝဿန်နဲ့အပေါင်းအသင်းမလုပ်ခိုင်းပေ။ ဝဿန်ရဲ့မိဘတွေကတော့ မင်းသားလေးကိုကြိုဆိုပါတယ်ဟုဆိုကာ သူတို့ရဲ့အိမ်ထဲကိုဝင်ထွက်ခွင့်ပြု၏။
"ငါ့အိမ်က ငါ့ကိုရန်ကုန်မြို့ကိုသွားခိုင်းတယ်
'စဝ်သီ' ... ငါ့ကိုကူညီပေးကြပါဦး ငါနင်တို့နဲ့မခွဲချင်ဘူး..."တကယ်တမ်းတွင် ကံကြမ္မာဆိုတာကြီးကို ဘယ်သူမှမသိနိုင်ခဲ့ပါ။
.........
ကြီးမားကျယ်ပြန့်သောအိမ်ကြီးသည် အနက်ရောင် ကျွန်းသစ်တိုင်များဖြင့် ရှေးဆန်လှစွာ။
ရှေးဟောင်းပုံသဏ္ဍန်အိမ်ကြီး၏ ကျွန်းထိုင်ခုံကြီးပေါ်တွင်ထိုင်ကာ ဆရာဝန်နားကြပ်တပ်ထားသူတစ်ယောက်ရှိသည်။ ဆေးထိုးအပ်ကိုင်ကာ အရုပ်တစ်ခုကိုဆေးထိုးပေးနေသော ကောင်လေးလည်းရှိ၏။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...