Part - 37

6K 318 25
                                    

ကားမောင်းနေသူရဲ့ဘေးတွင်ထိုင်လိုက်လာသူတစ်ယောက်ရှိ၏။ ဟူဒီအကျီထဲခေါင်းတစ်ခုလုံးနစ်မြုပ်နေတာမို့ သူ၏မျက်နှာလေးကိုမမြင်ရသော်လည်း တကြွပ်ကြွပ်နဲ့ ဝါးနေသောအသံကို ကြားနိုင်သည်။
သူတစ်ယောက်တည်းစားနေခြင်းတော့မဟုတ်ပေ။ ကားမောင်းသူဘက်ကိုလည်းလှည့်ကာ စားကောင်းတယ်ဟုပြောလိုက် ခွံ့ကျွေးလိုက်နဲ့အလုပ်များနေ၏။

"သူငယ်ချင်း ငါ့ကိုလည်းကျွေး..."

"ငါးအရေခွံကြော်လား ငါးမုန့်ကြော်လား..."

"ငါးအရေခွံကြော်..."

စိုင်းဝဿန်လည်းကားထဲပါလာသည်။ ဦးဝဠာကိုယ်တိုင်မောင်းသောကားပေမို့ ယုံကြည်စိတ်ချစွာ အေးဆေးစီးနိုင်၏။ မိုင်၁၀၀သတ်မှတ်လျှင် မိုင်၁၀၀ထက်ပိုမမောင်းပေ။ ကားခြင်းယှဥ်မောင်းလာပါက
ဘေးကပ်ကာရပ်ပေးပြီး အလျင်လိုသူကို အရင်ကျော်သွားခိုင်းတတ်သေးသည်။ ဦးဝဠာကိုယ်တိုင်မောင်းနှင်သော သူ၏ဇိမ်ခံကားဖြင့် ယုံကြည်စိတ်ချစွာ သွားလာနိုင်သည်။

"ဦးဝဠာ ငါးမုန့်ကြော်စားမလား..."

"..."

စားမလားမေးသံမဆုံးခင် ပါးစပ်နားရောက်သွားသော ငါးမုန့်ကြော်လေးတစ်ခုကြောင့်
သူ၏မျက်မှောင်တို့ တွန့်ကြုတ်သွားပြီးနောက် ပိရိသေသပ်နေသော လိမ္မော်ရောင် နှုတ်ခမ်းပါးတစ်စုံက ပွင့်ဟသွားသည်။
ကားတစ်စီးလုံးမုန့်ဝါးသံတစ်ခုထွက်လာလေ၏။ တိုးညှင်းစွာ။ ငြိမ်သက်သောမုန့်ဝါးသံနောက်တွင် ဆူညံလှသော ငါးမုန့်ကြော်ဝါးသည့် အသံလေးတစ်ခုလည်းကပ်ပါနေသေးသည်။

"ငါးမုန့်ကြော်ကစားကောင်းပေမယ့် ငါးအရေခွံကြော်ကပိုကောင်းတယ်..."

"ဦးသီလရော စားဦးမလားဗျ..."

"ဦးမစားတော့ပါဘူး မှိုင်းညှို့ငယ်တို့ပဲစားကြပါကွယ်..."

ဦးဝဠာအဖော်ရအောင်ကပ်လိုက်လာသော ဦးသီလက မစားဖူးသာပြောသာ ဝဿန်ကိုပေးလိုက်သောငါးအရေခွံကြော်တွေက သူ့ပါးစပ်ထဲတွင်ဝါးနေရ၏။

"မာတယ် စားမကောင်းဘူး...ဦးသီလ ဒါစားပေးဦး..."

"ကိုယ့်ကိုပေး ဝဿန်..."

My Man (ငါ့လူကြီး) Where stories live. Discover now