"ပွေသီခေါင်လို့ မြင့်မားတဲ့မြေ တောင်ပေါ်လမ်းက ကားလေးနဲ့လေ...ကြုံဆုံလို့တစ်ခေါက်လိုက်ခဲ့တာ ချယ်ရီတွေပွင့်တဲ့ရှမ်းမြေ... မူဆယ်လမ်း ကားလေးနဲ့လှမ်းကာလေ ဒီလိုနဲ့ရောက်ခဲ့တဲ့ရှမ်းဋ္ဌာနေ...
ဒီဇင်ဘာမို့ မြူနှင်းများဝေ...မူဆယ်စျေးက ရှမ်းခေါက်ဆွဲလေ...ကျွန်တော်လေသွား စားလို့မဝပေ...ဖော်ရွေတဲ့ ရှမ်းမလေးရောင်းနေ...
ဒီခေါက်ဆွဲကောင်းလွန်းလို့စားတာပါ...ဆိုင်ရှင်လေး လှလွန်းလို့သွားတာလား...
အမြင်တွေကြာတော့ အကြည့်ခြင်းဆုံ...
မျက်လုံးခြင်းစကားပြောတတ်လာတယ်...အချိန်တန်ရင်လေ မြေပြန့်ကို ပြန်ရမယ့်ခရီးသွာဧည့်သည်မို့...တစ်ရွာသားရည်းစားထားရင်လေ ပဝါပါးပါးလေးလည်း စွန်း...
မူဆယ်လမ်းကပြန်ခဲ့တဲ့အခါ တောင်ပေါ်လမ်းများ အကွေ့အကောက်နဲ့သာ...ကျွန်တော်လေတွေးရင်း စိတ်ကူးကြည့်တာ တောင်ပေါ်သူရိုးသားတဲ့မျက်နှာ...""အဲ့တာဘယ်သူလဲ..."
သားနှစ်ယောက်ရဲ့ပုခက်လေးကိုလွှဲကာ သီချင်းဆိုသိပ်နေသောဦးဝဠာအား အငယ်တစ်ယောက်မေးလိုက်လေခြင်းပေ။
"ဦးဝဠာက သားနှစ်ယောက်မွေးပြီး ကလေးချော့သိပ်တိုင်း 'စိုင်းရင်မှာငိုနေပြီ'တို့၊ 'မူဆယ်စျေးကရှမ်းခေါက်ဆွဲ'တို့ 'နန်းရေ အဝေးရောက်ရင် မမေ့နဲ့'တို့ဆိုတဲ့သီချင်းတွေပဲဆိုနေတာ အဲ့တာဘယ်သူလဲလို့..."
ကလေးနှစ်ယောက်ကိုပုခက်လွှဲပေးပြီးနောက် အငယ့်ကိုတစ်ချက်သာကြည့်ပြီး သူ့အလုပ်သူလုပ်နေပါသောဆရာဝန်ကြီးက ဘေးနားကလူကို ပစ်ပယ်နေပါသည်။
"အားဆေးသောက်ပြီးပြီလား မှိုင်းညှို့ငယ်..."
"သားမေးတာအရင်ဖြေပေးပါဦး..."
"ကလေးတွေအိပ်တုန်းသွားအိပ်လေ ညကျမှပင်ပန်းတယ်မအော်နဲ့နော်..."
"ညကျ သားတို့ဘာလုပ်ကြမလို့လဲဟင်..."
အလုပ်လုပ်နေသူ၏ ဘေးနားကပ်ပြီး မျက်လုံးဝိုင်းလေးကိုပုတ်ခတ်ကာ ပြုံးစိစိနဲ့မေးနေသူ အငယ်က တစ်ခုခုတွေးနေတာအသေအချာပင်။ တစ်ဖက်လူမှာလည်း မျက်ဝန်းများပြူးကျယ်ကာ
စဥ်းစားနေရပေ၏။
YOU ARE READING
My Man (ငါ့လူကြီး)
Romantikမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...