အခန်းထဲလူနှစ်ဦးထိုင်နေ၏။ ထိုအခန်းထဲဝယ်ချိတ်ဆွဲထားသော ရုပ်ပုံကားချပ်တစ်ခုရှိ၏။ အမျိုးသမီးကရှေ့တွင်ထိုင်နေပြီး အလှဆုံးပြုံးထား၏။ သူ၏အနောက်ဘက်တွေင်အမျိုးသားတစ်ဦးနှင့်အတူ ကောင်လေးတစ်ယောက်၊ကောင်မလေးတစ်ယောက်ရှိသည်။ တကယ်တမ်းပြောရပါလျှင်
မိသားစုပုံဟုအမည်တွင်နိုင်၏။ သို့သော် ရုပ်ပုံပန်းချီကားကြီးမှာ သူစိမ်းဆန်စွာ။ နွေးထွေးမှုတို့မမြင်ရသလို အချစ်တွေလည်းမပါခဲ့ပေ။"ဘယ်သူလေးလဲကွယ့်..."
"လူလေးပါဗျ..."
"..."
သွားတန်းလေးတွေညီညီညာညာနဲ့ပြုံးပြနေတဲ့ကောင်လေးက ချစ်စရာလေးဟုတင်ထားလို့ရသလောက် တော်တော်လေးလည်းလှသည်။ အကျီကြည်ပြာရောင်လေးနဲ့ ဘောင်းဘီတိုလေးကလည်း ကောင်လေး၏ကိုယ်လုံးလေးထက်ဝယ် ပုံစံတကျလေးဖြင့်။ ကောင်လေး၏လက်ထဲမှာလည်း ထမင်းချိုင့်ကြီးကိုင်ထားလျက်။
"ဒေါ်ဒေါ်..."
တစ်ကိုယ်လုံးကို မျက်လုံးကြီးပြူးကြည့်နေသော အန်တီကြီးကမဏိစန္ဒာဝတ်စုံကြီးနဲ့။
မဟုတ်သေး အမေဂျမ်းလို ဝတ်စုံအနက်ကြီးနဲ့။ ခေါ်လဲမကြားအော်လဲမကြား ရှေ့တည့်တည့် ရပ်ပြီးပြူးကြည့်နေလေတာမို့ ထွက်ပြေးလိုက်ရတော့မလား။"ဒေါ်ဒေါ်ခင်ဗျ..."
"..."
"လွိုင်းလေးနဲ့ တူတယ်ကလေးလေး...
သားလေးနာမည်ဘယ်လိုခေါ်လဲ...""မှိုင်းညှို့ငယ်လို့ခေါ်ပါတယ် ခင်ဗျ..."
နီရဲနေသောပါးပြင်ဖောင်းဖောင်းလေးတွေက မြင့်မားမို့ တက်လာပြီးနောက် ရှေ့မှကောင်လေး၏သွားတန်းလေးတွေကိုမြင်လိုက်ရ၏။ ပြုံးရယ်လိုက်ပုံလေးတွေကလည်း ဟိုးအရင်ကအရှင်မရဲ့အပြုံးလေးတွေလို။
"လူမှားသွားတယ်ကွယ်..."
"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ..."
ပတ်ဝန်းကျင်အခြေအနေကရုတ်တရက်ဆန်စွာပြောင်းလဲလို့ ရှေ့မှအန်တီကြီးကပြုံးပြလာ၏။ မြင်ဖူးသလိုရှိသော်လည်း မမှတ်မိတော့သလိုလို။ မှတ်မိနေသေးသလိုလို။ အမြင်မှားနေသလိုလို တကယ်ပဲ သူ့ကိုသိသလိုလိုနဲ့ ရင်းနှီးစွာသူစိမ်းဆန်နေမိဆဲ။
သူကတော့မျက်ရည်ရစ်ဝဲေနသော မျက်ဝန်းတွေကိုထိန်းကာ ကိုယ့်ကိုကြည့်နေပြန်၏။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...