Part-41

4.5K 267 25
                                    

'မင်းကြိုက်တာ မင်းလုပ်လို့ရတယ် လျှမ်း...
အိမ်ပြန်လာခဲ့...'

မယ်မယ့်အသံကတုန်ရီနေခဲ့၏။ ဦးဝဠာထွန်း၏ဖုန်းနှင့်မယ်မယ်ခေါ်ဆိုနေခဲ့တာမို့ ဦးဝင်းထွန်းနဲ့ကိစ္စများ မယ်မယ်လည်းသိလောက်ပြီထင်သည်။
ကိုယ့်အမရဲ့ရည်းစားဟောင်း၊ ကိုယ်ကသိပ်ကိုမုန်းနေခဲ့သူနဲ့ရေစက်ဆုံရတယ်လို့
ဘယ်လိုတောင်မျက်ခွက်ပြောင်ရက်တဲ့ ကံကြမ္မာလဲ။

'ကြားလားလျှမ်း...အိမ်ပြန်ခဲ့တော့ မယ်မယ်တို့
မယ်မယ်တို့...'

မယ်မယ့်ရဲ့ငိုသံသည် လုံးဝဥဿုံတိုးဖျော့နေသော်လည်း ရှိုက်သံသဲ့သဲ့ကြောင့်တော့ နာကျင်ခြင်းတွေကိုမြင်နိုင်ပါ၏။ သူမရဲ့ဘဝမှာ မိသားစုကိုသာပေးဆပ်ခဲ့သော်လည်း အတ္တတွေတော့ပါသေးသည်။ ဒီတစ်ကြိမ်မှာ ကျွန်တော်မှားသွားလေပြီလား။

'မယ်မယ့်သားတွေရှေ့ မယ်မယ်ကာကွယ်ပေးမယ်...သားချစ်တဲ့သူဟာ ယောကျာ်းလေးဖြစ်နေပါစေ ဒီတစ်ခါတော့မယ်မယ်ကာကွယ်ပေးမယ်..."

မျက်ရည်များကိုသုတ်ဖယ်ပြီးသာ မယ်မယ်မမြင်ရသည့်တိုင်ပြုံးမိ၏။
ဘယ်သောအခါမှ အလျော့မပေးသော မယ်မယ်ကဘယ်သူ့ကိုမှအလျော့မပေးဖို့လည်း သင်ပေးခဲ့သည်။

"ဟော်နန်းကြီးတစ်ခုလုံးကို ပိုင်ဆိုင်ချင်ခဲ့တဲ့စိတ်နဲ့အသက်ရှင်ခဲ့တယ်...မယ်မယ့်သားတွေနဲ့ မယ်မယ့်ဘေးကအမျိုးသားဟာ ပျော်နေရဲ့လား...ဘယ်လိုနေနေကြလဲဆိုတာ မယ်မယ်မတွေးခဲ့ဖူးဘူး...မယ်မယ်တောင်းပန်ပါတယ်..."

"မယ်မယ်လည်း သောကတွေနဲ့နေခဲ့ရတာပဲလေ...သားတောင်းပန်ပါတယ်..."

သားအမိနှစ်ယောက်သားလေလှိုင်းထဲ၌စကားသံတွေကြား မျက်ရည်များစွာကျရင်း နားလည်မှူယူခဲ့နိုင်ပြီ။ အရာရာအတွက်တောင်းပန်တယ်ဆိုသော မယ်မယ်ကအားလုံးကိုလွှတ်ချကာ ပျော်ရွှင်စွာနေတော့မယ့်အကြောင်းပြောလာ၏။

ဟော်နန်းကိုလည်း မယူချင်တော့သလို၊ သားတွေပျော်ဖို့အရာရာလုပ်ပေးတော့မည့်အကြောင်းပြောပြလာ၏။ အားလုံးရှေ့တွင်အမှားဝန်ခံကာ ပထမဆုံးသားယောကျ်ားလေးသည် မမဖနွမ်းဖြစ်ပြီး လိင်ပြောင်းလွဲကာမိန်းကလေးလိုရှင်သန်စေခဲ့ခြင်းအကြောင်း ဘွားတော်တို့ရှေ့ဝယ် ဝန်ခံပါရစေဟုပြောလာ၏။

My Man (ငါ့လူကြီး) Where stories live. Discover now