အိမ်၏ဧည့်ခန်းအတွင်းထိုင်နေလေသော အငယ်။ ဖနွမ်နှင့်အတူ စားနေပါသော မရမ်းသီးဆားရည်စိမ်နှင့်ငရုတ်သီးအချိုမှုန့်များ။
ဗိုက်ကြီးသည်နှင့်အပြိုင် ဘယ်သူနိုင်ဆိုပြီး
ပြိုင်ပွဲဝက်ပြိုင်ခဲ့ပါလျှင် မှိုင်းညှို့ငယ် သာ အနိုင်ရလိမ့်မည်။
"မှိုင်းညှို့လေး ဖြည်းဖြည်းစားပါ မောင်လေးရဲ့..."
"ဦးဝဠာမသိအောင်ခိုးစားရတာ လွယ်တာမဟုတ်ဘူး မမဖနွမ်ရဲ့..."
"အရိုက်ခံရမလားဟင်..."
"သားကိုယုံ ဦးဝဠာ မရိုက်ဘူးစိတ်ချ..."
မရမ်းသီးတစ်ခြမ်းလုံးကို ပါးစောင်ထဲထည့်ကာ အားပါပါဝါးရင်း အရသာခံနေသော
အငယ့်ကိုကြည့်နေပါသော ဖနွမ့်မှာ သွားများကြိမ်းနေ၍ထင် မချိမဆန့်အပြုံးလေးနဲ့သာ
ကြည့်နေလေ၏။
"ဦးဝဠာမရိုက်ဘူး တကယ်လား... မောင်လေးကိုရိုက်တာမြင်ရရင် ရင်ထဲမကောင်းလို့ပါ... "
"CCTV ပျက်နေတယ်...ဧည့်ခန်းနဲ့လှေကားအဆင်းမှာရော မီးဖိုခန်းအဝမှာရှိတဲ့ CCTVရော... ဆာဗာဒေါင်းနေတယ်တဲ့..."
မေက်ခုံးလေးပင့်ကာ သူပိုင်တယ်မဟုတ်လားဆိုသော အပြုံးလေးနဲ့ကောင်လေးမသိခဲ့ပေ။ သူစားနေပါသောမရမ်းသီးဆားရည်စိမ်သည် ဦးဝဠာလက်ဆောင်ရထားသော မရမ်းသီးခြင်းတောင်းကြီးထဲမှဖြစ်နေခြင်းပေ။ CCTVကြိုးပလက်များကိုလည်း မနက်ခင်းကပင် ဦးဝဠာကိုယ်တိုင်ဖြုတ်ပေးသွားခြင်းသာ။
"CCTV မရှိတော့မှ မုန့်ခိုးစားရဲတာမဟုတ်လား...ဟိုတစ်လောက ဆေးရုံ၄ရက်တက်လိုက်ရတဲ့အကြောင်း ကိုကိုဝဠာမသိသေးလို့နော် မှိုင်းညှို့လေး...သိသွားရင် မင်းမလွယ်ဘူးနော်..."
"ကိုကိုစိုင်းနွမ်နဲ့အန်ကယ်လေး မပြောရင် ဦးဝဠာအဲ့ကိစ္စမသိပါဘူးနော်..."
"သိသွားရင်ရော..."
မရမ်းသီးဆီလက်လှမ်းနေသော သူ၏ လက်ငြိုးကွေးလေးရပ်တန့်သွား၏။ သူ၏မမဖနွမ်ဘေးတွင် ဝင်ထိုင်ကာ ပြားချပ်နေသော ဗိုက်ပေါ်နားကပ်နေသူအား ကြည့်ပြီး သက်ပြင်းမောကိုချလိုက်လေသည်။
YOU ARE READING
My Man (ငါ့လူကြီး)
Romansaမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...
