"ဆရာ ဧည့်သည်ရောက်နေပါတယ်..."
"လူနာမိသားစုလား ဝင်လာခိုင်းလိုက်လေ..."
"ဦးစဝ်သီလလို့ပြောပါတယ် ဆရာ..."
မသိမသာမဲ့လိုက်ပြီးသာ ထိုဧည့်သည်ကိုလက်ခံတွေ့လိုက်သည်။ မြန်မြန်ရောက်လာတာပဲ။ ကြာဦးမယ်ထင်ခဲ့တာ။ ဘာတွေအလျင်လိုနေတာပါလိမ့်။
"ဝင်ခဲ့ပါ..."
တံခါးနှစ်ချက်ခေါက်ပြီး အခန်းထဲဝင်သွားလိုက်တော့ ဂျူတီကုတ်နဲ့ထိုင်နေသူကိုမြင်လိုက်ရလေသည်။ သူ့ပုံစံက လူတစ်ယောက်ကိုသတိရစေတာတော့ အမှန်။
"ကိုစဝ်ခွန်းဿသီလ မတွေ့ရတာကြာပြီနော်..."
"မတွေ့ရတာကြာပြီ ခွန်ဝဠာထွန်း..."
"ခွန် မတပ်ပါနဲ့...ခင်ဗျားတို့လို ဟော်နန်းကအဆင့်မြင့်မျိုးရိုးက ကျုပ်တို့လိုအခိုင်းအစေမျိုးရိုးကို ရိုသေစရာမှမလိုပဲ..."
ဝဠာထွန်းသည် ဝဠာထွန်းပင်။ နှစ်ယောက်မရှိနိုင်တော့ပြီ။ ရုံးခန်းတွင်းဝေ့ဝဲကြည့်မိတော့ ဆရာဝန်ဆိုသည့်အလျောက် ဆေးပညာဆိုင်ရာများကိုတွေ့ရလေ၏။
နံရံထက်မှဓာတ်ပုံတစ်ပုံကိုမြင်လိုက်စဥ်ဝယ်
အနည်းငယ်စိတ်လှုပ်ရှားမိတာကိုတော့ လိမ်ညာလို့မရပေ။ ဝဠာရယ်၊ဝင်းထွန်းရယ်ရဲ့အလယ်မှာရပ်နေသူက သိပ်ချစ်ဖူးသူဖြစ်နေခဲ့၏။"ဘာကြည့်နေတာလဲ ကိုစဝ်ခွန်းဿသီလက သူ့ကို လွမ်းလို့လား..."
"ဒီတိုင်းပါ...အမြဲတမ်းတော့ သတိရပါတယ်..."
"တန်လို့လား သူ့ကိုခင်ဗျားကြည့်ဖို့ တကယ်တန်လို့လား...လွမ်းဖို့ရော တန်လို့လား..."
ပြီးခဲ့သောကိစ္စတွေကို ပြန်လည်ပြောဖို့ရာလည်း အကြောင်းမရှိနိုင်ပေ။ ပြောပြဖို့လည်းမထိုက်တန်သူကို ပြောမပြချင်ခဲ့ပါ။ ကိုကိုကြီးသေရတာက သူ့ရဲ့ပယောဂမှမကင်းပဲ။ မျက်စိရှေ့က ထိုလူက အချစ်ကိုစွန့်ခဲ့မှတော့ သူ့ရဲ့မျိုးရိုးစဥ်ဆက်ဟာလည်း အချစ်ကိုစွန့်ပစ်လိုက်ဖို့ ဝန်မလေးတာမမှားပေ။
သူတို့ပဲ မှားလား။ ကိုယ်တွေမျိုးရိုးကပဲ ကံခေလားတော့မသိခဲ့ပါ။ အကိုနှစ်ယောက်လုံးရဲ့အသည်းလည်း အလဲလဲအကွဲကွဲနဲ့သေကောင်ပေါင်းလဲဖြစ်ခဲ့ရ၏။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...