ဦးဝဠာ၏အလောင်းအား အိမ်သို့သယ်ခဲ့ကြ၏။ ရှမ်းတို့ရိုးရာအတိုင်း မြေမြှပ်ပြီးသဂြိုလ်ဖို့အတွက်သာ။ နောက်တစ်ခုမှာ မီးအရမ်းမုန်းသော ဦးဝဠာ၏အကျင့်ကြောင့်လည်းပါပေလိမ့်မည်။
"ဦးစဝ်သီ ဦးဝဠာက တကယ်သေပြီလားဟင်...သားငယ်ငယ်တုန်းကလေ ဦးဝဠာကအမြဲပြောတယ် အသက်အရှည်ကြီးနေဦးမှာလို့ သူအမြဲပြောနေကြ..."
စိုင်းဝဿန်၏အပြောကို နှစ်သိမ့်ပေးနေသောသူ၏ရင်ထဲ၌လည်းတကယ်မကောင်းပါ။
ငယ်စဥ်ကတည်းကခင်မင်ရင်းနှီးခဲ့သော လူရင်းကြီးတွေနဲ့ ဆုံဆည်းရုံရှိသေးသည်။ နှုတ်ဆက်ရလေပြီ။"ရင်ခွဲရုံမပို့ပဲ အလောင်းကိုသယ်မယ်...
ဒီအတိုင်းပဲ ရိုးရာဓလေ့အစီအရင်တွေလုပ်ရမယ်...မငိုနဲ့တော့ ဝဿန်...သူတို့မျိုးရိုးရဲ့ဓလေ့အရ မငိုရဘူး...""ဝမ်းနည်းတယ်လေ ဦးဝဠာသေပြီလေ..."
"ကိုယ်လဲထပ်တူဝမ်းနည်းရတာပါပဲ...
မကယ်နိုင်ခဲ့ဘူးလေ..."မန္တလေးဆေးရုံကြီးမှ တောင်ကြီးက အိမ်တော်ဆီသို့သယ်ဖို့ရာ ဝဠာရဲ့အကိုဖြစ်သူ ဝင်းထွန်းနှင့် လျှမ်းတို့အလုပ်များနေကြသည်။ ဝင်းထွန်းလည်းဝမ်းနည်းနေပြီး ဘာမှမလုပ်နိုင်ဖြစ်နေ၏။ သူအချစ်ဆုံးညီနှင့် တူလေးလို၊ညီလေးလိုချစ်ခဲ့ရသော ကလေးငယ်လေးမှာလည်း အခုထိအခြေအနေမသိရသေးပေ။
ခွဲစိတ်မှုအောင်မြင်ရုံသာရှိသည်။ ကျည်ဆန်တစ်ချက်သာထိသော်လည်း ထိုကျည်ဆန်ကသွေးကြောကိုထိနစ်နေ၍ အခြေအနေက
ခန့်မှန်းမရပေ။ စောင့်ကြည့်နေရရုံသာ။သွေးအကြိမ်ကြိမ်သွန်နေပုံထောက် မှိုင်းညှို့ငယ်လည်း အဆင်မပြေလောက်ဘူးထင်သည်။ ကံကြမ္မာကိုသာ ပြေး၍ပြင်လို့ရလျှင်ပြင်ဆင်လိုက်ချင်တော့သည်။ သူတို့နှစ်ဦစလုံးဘာမှမဖြစ်စေဖို့ ဘယ်နတ်၊သိကြားဆီဆုတောင်းရဦးလေမလဲ။
"မှိုင်းညှို့ငယ်က အရေးပေါ်ထဲကမထွက်ရသေးဘူးနော် နှစ်ရက်ရှိနေပြီ..."
"မနက်ဖြန်မှ အဆင်မပြေရင် ဆရာဝန်တွေကလက်လွှတ်တော့မယ်..."
ငိုနေသောအဘွားတော်၏အနားသို့အပြေးသွားကာ ပွေ့ဖက်ပြီးနှစ်သိမ့်ရသည်။ သူ၏မြေးအရင်းလေးပမာ ကျွန်တော့်ကိုလည်းဂရုစိုက်ပေးသောအဘွားတော်က မာနတွေလည်းမရှိတော့သလို အလှတွေလည်းမပြင်နိုင်။ နှုတ်ခမ်းပါးပေါ်၌လည်း
သူမ၏အကြိုက်ဆုံး နှုတ်ခမ်းနီတို့မရှိတော့ပြီ။

YOU ARE READING
My Man (ငါ့လူကြီး)
Romantizmမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...