Part-2

19.2K 825 23
                                        

သတင်းစာကိုငုံ့ငေးကြည့်နေပါသော တစ်ယောက်တည်းသောတူလေးသည်လည်း ဇွဲကောင်းလွန်းသည်။ အပြင်က ကလေးကိုကြည့်မိတော့လည်း နေရောင်အောက်မှာ တကုတ်ကုတ်နဲ့ မြက်ပင်နှုတ်နေ၏။ ခြံထဲမှမြက်တစ်ချို့လည်း တော်တော်လေးပြောင်းသွားလေပြီ။ အနေအေးပြီးစည်းကမ်းကြီးသော အိမ်ကတူဖြစ်သူကလည်း ဒီကလေးငယ်ကိုတော့ နည်းနည်းလေးမှဆတ်ဆတ်ထိမခံ။

ဟိုကောင်လေးကလည်း အရမ်းကိုမှပြာယာခတ်တတ်သည့် မှီးကောင်ပေါက်လေးမဟုတ်လား။ ပညာလည်းမတတ်။ မတတ်ဆို ကိုယ်တူလေးကလည်းမသင်ပေးပဲ ပစ်ထားခဲ့တာကို။ တစ်ခုတော့တတ်သည်။ မြန်မာစာ၊မြန်မာစကားမတတ်သော်လည်း အင်္ဂလိပ်စကားပြောတတ်၏။ ဟုတ်မဟုတ်သေချာမသိသော်လည်း အင်္ဂလန်တွင် အိမ်ကတူဖြစ်သူနဲ့အတူနေခဲ့တာ လေးနှစ်ကျော်ကျော်။

'သားက ဘာစာမှမတတ်ဘူး'လို့သာ ပြောနေတတ်တော့ အဲဒီကလေးကြောင့် ဘယ်ဟာကိုယုံရမယ်မသိ။

ကောင်လေးကသင်လွယ်တတ်လွယ်သလောက် မေ့လွယ်သည်။ သူ၏ဦးဝဠာနဲ့ပတ်သတ်လျှင်တော့ ဘယ်အရာကိုမှမမေ့တတ်ပေ။

သူ့ရဲ့ဦးဝဠာ၊
သူ့ရဲ့ဦးဝဠာအကြိုက်၊
သူ့ရဲ့ဦးဝဠာစားတတ်တာဆိုပြီး တွေ့သမျှဝယ်လာတတ်သူလေး။ ဒီကလေးအပေါ် မကြင်နာသူက အိမ်က တူဖြစ်သူသာ။

အခုလည်း ဘာမဟုတ်တာလေးနဲ့ ပြဿနာရှာတာမှ မီးထွန်းရုံတင်မက မီးပါမွှေးနေလေ၏။
ဟိုကလေးရဲ့ဦးခေါင်းတွေလောင်ကျွမ်းပြာကျနေတော့မှာပဲ။ ပူလောင်လှသောနေမင်းကြီးက ထီးထီးမားမားနဲ့ခေါင်းကင်ပေါ်ဝယ်။

"သားဝဠာ ကလေးသနားပါတယ်ကွယ်...သူ့မှာ
မနက်စာလဲ မစားရသေးဘူး..."

"ကျွန်တော်လဲမစားရသေးဘူး ကြီးမေ..."

ဝဠာထွန်းပြောလိုက်သည့်စကားက တစ်ခွန်းတည်းသာ။ သူကိုယ်တိုင်လည်း ဆာလောင်နေမယ်ဆိုတာ အဒေါ်ဖြစ်သူကသိသည်။ ဘာကြောင့်များသူတစ်ပါးကိုလည်း ဒုက္ခပေးပြီး
ကိုယ်တိုင်လဲ ဒုက္ခခံနေရလဲဆိုတဲ့အကြောင်းကိုတော့ ကြီးမေတကယ်မသိခြင်းပေ။

ဟိုကလေးမှာလည်း မှားစရာရှားလို့ အသန့်အပြန်ကြိုက်သူရဲ့အဝတ်ကိုမှမှားရတယ်လို့။
အောက်ခံဘောင်းဘီဆိုရင် သူ့ဘောင်းဘီကို ရေနွေးနဲ့အရင်ပြုတ်ပြီး သူ့ဘာသာအဝတ်လျှော်စက်အသေးလေးနဲ့လျှော်တတ်သူ။
အဝတ်ခေါက်တဲ့အချိန်သာ 'မှိုင်းလေး'က ခေါက်ပေးရုံ။ ဘယ့်နှယ်ကြောင့် အတွင်းခံမှ မှားထည့်ထားရတာလဲ။

My Man (ငါ့လူကြီး) Where stories live. Discover now