အခန်းတစ်ခုထဲတွင်ထိုင်နေပါသောအမျိုးသမီးတစ်ဦးက ဓာတ်ပုံတွေကိုကြည့်ကာ ဒေါသမျက်ဝန်းတွေနဲ့ စူးစိုက်ကာ
စိန်ပြေနပြေကြည့်ေန၏။ တစ်ဖက်တွင်ကောင်လေးနှစ်ယောက်ပုံရှိသည်။"စဝ်သီ ရှင့်ရဲ့သားက ရှင်နဲ့တကယ်တူနေတယ်..."
ဓာတ်ပုံထဲမှ လူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးသာ ပြုံးနေကြ၏။ တောင်တက်လမ်းလေးတစ်ခုရဲ့ တစ်နေရာမှာရိုက်ထားသောပုံလေး။
တစ်ယောက်မှာ အသက်ရှင်လျက်ရှိသေး၏။ ကျန်တစ်ယောက်မှယ ထာဝရပေျာက်ကွယ်သွားခဲ့လေပြီ။သားနှစ်ယောက်မွေးခဲ့သော်လည်း အရင်အိမ်ထောင်နဲ့ရခဲ့သော သားလေးကို မိန်းကလေးတစ်ယောက်လိုပြုစုခဲ့သည်။
နောက်ထပ်သားတစ်ယောက်ကိုတော့ ဟော်နန်းကိုပိုင်ဆိုင်နိုင်ဖို့ သွန်သင်ကာပျိုးထောင်ခဲ့၏။ သားဖြစ်သူက အခုလိုပဲ သူ့အဖေသွေးပါလိမ့်မယ်လို့ဘယ်သူထင်မှာလဲ။"မင်းမအိပ်သေးဘူးလား..."
"..."
"ခွန်စိုင်းဝဿန်နဲ့ ငါ့ရဲ့ပုံက မင်းရဲ့လက်ထဲမှာ ဘာလို့ရှိနေရတာလဲ မယ်မယ်..."
လက်ထဲမှဓာတ်ပုံလေးကို ဆွဲယူသွားကာ စူးရဲစွာကြည့်လာ၏။ မကြာမီ သက်ပြင်းချသံကိုလည်း ကြားလိုက်ရသည်။ သူ့စိတ်တွေကိုလျော့ချကာ အလျော့ပေးသွားပြန်ပြီထင်သည်။
"စဝ်သီ ရှင်ဘာလို့'ဝဿန်'ကို ချစ်တာလဲ..."
မျက်ရည်ဝဲရင်းယောကျာ်းဖြစ်သူကိုမော့ငေးကြည့်မိသည်။ မျက်နှာလွှဲသွားကာ သူ့ရဲ့လက်ထဲမှမျက်နှာသုတ်ပဝါလေးနဲ့ စိုေနသောရေစက်များကို ပွတ်သပ်သုတ်ဖယ်နေလေ၏။ ကုတင်ပေါ်ထိုင်ကာ သူတို့နှစ်ယောက်ရဲ့ပုံလေးကို ကြည့်ရင်း မသိမသာပြုံးနေလေသည်။ မကြာမီ ဓာတ်ပုံလေးက သူ့ရဲ့ပိုက်ဆံအိတ်ကြားလေးထဲသို့ရောက်သွားလေတော့သည်။ ကျွန်မကိုတော့လျစ်လျူ့ဆဲပင်။
"မင်းရဲ့သားက အဲ့နေ့ညက ဘားမှာဆေးခတ်ခံရတာ... သူနဲ့ဖြစ်တဲ့ကောင်လေးက သူ့ရည်းစားမဟုတ်ဘူး..."
"ရှင်ဝဿန့်ကိုခုထိချစ်နေသေးတယ် မဟုတ်လား..."
စကားလမ်းကြောင်းလွှဲသွားသူကို အစပြန်ဖော်ပေးလိုက်မိသည်။ သို့ပါသော်လည်း အချည်းနှီးသာ။စောင်ထဲဝင်ပြီး မျက်လုံးတွေပါ မှတ်သွားလေတာမို့ ငြိမ်လိုက်ရတော့သည်။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...