Part - 1

27.7K 930 36
                                    

မနက်ခင်းဝေလီဝေလင်း၏ အရိပ်မှိန်မှန်လေးကအခန်းအတွင်းသို့ မလင်းမမှောင်နဲ့တိုးဝင်လာပါပြီ။ ကောင်းကင်ကိုကြည့်တော့လည်း နေမင်းကြီးက မလင်းတလင်းလေး။ အမှောင်ထုကလည်း တဖြေးဖြေးနဲ့ဝေးဝေးပြေးလျက်။
တိမ်စိုင်၊တိမ်ခဲလေး အချို့က နက်ပြာရောင်ကောင်းကင်ကြီးထက်ဝယ် အနီနှင့် လိမ္မော်ရောင်သန်းရင်း ရောင်နီအလာကိုအကြိုထောက်နေလေ၏။

တသုန်သုန်နဲ့တိုက်ခတ်နေဆဲ လေဦးကတော့
တဖြေးဖြေးနဲ့အေးအေးဆက်ဆက်။ နွေဦးရဲ့လေရူးကပင် နားစည်ထဲကြားနေရပါသော
ခပ်ပြင်းပြင်းလှိုက်ဖိုနေသံလောက်တော့ စိတ်အစဥ်ကို ရူးနှမ်းခွင့်မ​ပေးသေး။

ပြတင်းတံခါးဘောင်ကိုကျော်ကာဖြတ်ကာ ချောင်းက
ကြည့်လိုက်မည်ဆိုပါလျှင် တစ်စုံတစ်ယောက်၏ အားတက်သရော ကြိုးစားအားထုတ်မှု တစ်ချို့ကို အားရကျေနပ်စွာမြင်ရပေလိမ့်မည်။ ထိုအသံကြားနေရာသို့ လူရောက်ဖို့ရာမလိုသော်ငြား သင်၏မျက်ဝန်းတစ်စုံကို ခိုးကြောင်၊ခိုးဝှက်ဖြင့်
ဝေ့ဝဲလိုက်ရုံဖြင့် လန်းဆန်းတက်ကြွနေပါလိမ့်မည်။

'ယမြက်ခင်းပြင်ပေါ် လက်နှစ်ဖက်ထောက်လို့ ကျစ်လစ်လှသော ကိုယ်ခန္ဓာအတွက် အဆီပိုများမရှိရလေအောင် ခပ်ပြင်းပြင်းအသက်ရှူသွင်းနေပုံက  လေ့ကျင့်ခန်းလုပ်နေခြင်းပါဟုခေါ်နိုင်မလား။
သို့မဟုတ်ပါလျှင် တစ်စုံတစ်ယောက်ကိုများ ဖျားယောင်းမြူဆွယ်နေခြင်းလား။ ပုံစံကိုကြည့်ရတာလည်း တလောကလုံးကို ရှိတယ်လို့မဖင်တဲ့မျက်နှာဘေးနဲ့ အားကစားကိုပဲတက်ကြွအောင် လုပ်နေပါတဲ့ ကြက်ဖကြီးလိုလို။

ပတ်ဝန်းကျင်ကအိပ်နေဆဲအချိန်ကြီးထပြီး လေ့ကျင့်ခန်းလုပ်နေတာတဲ့ ဦးဝဠာထွန်းက အားကစားကိုဗန်းပြပြီး ဘာဖြစ်ချင်နေတာလဲလို့ မေးလိုက်ရလေမလား။

ဦးဝဠာက အားကစားအကျီအနက်ရောင်ကို ဝတ်ဆင်ထား၏။ ဘောင်းဘီအတိုတစ်ထည်နှင့် မြက်ခင်းပြင်ကို ရန်လုပ်နေပုံကလည်း မုန်းစရာတော့သိပ်မကောင်းပါ။ မိုးလင်းတာနဲ့ သူ၏စိတ်ကို ဒေါသထွက်စေလောက်သော အရာဝတ္ထုကိုရှာတွေ့လိုက်သလိုလိုပါပဲ။ မြက်ခင်းပြင်ကိုသည်းကြီးမဲကြီးနဲ့ လက်ဖဝါးကြီးထောက်ပြီး ဒိုက်ထိုးနေပုံကြီးက ကျောပြင်ပေါ်ပြေးထိုင်ချင်စရာကြီး။

My Man (ငါ့လူကြီး) Where stories live. Discover now