မနက်စာစားပြီးကတည်းက ဗိုက်ကနာနေသည်။ မနက်စာစားပြီး အိမ်သာတက်ချင်နေတာနဲ့ပဲ အိမ်ပေါ်ပြေးတက်လို့ကိစ္စရှင်းရလေ၏။ ကိုကြီးစိုင်းနွမ်နဲ့မမကတော့ ဖြေးဖြေးတက်ဖို့အော်နေသော်လည်း အန်ကယ်လေးကတော့ ကျိန်ဆဲလေ၏။
"ဝဠာထွန်းရေ ဒီမှာတစ်ယောက်သောသူက လေှကားေပါ်မှာ ပြေးနေတယ်..."
အန်ကယ်လေးရှိရာသို့လှည့်ကြည့်လိုက်လေသော အငယ်တစ်ယောက် ပိုတုန်းလုံးလေးလိုမျက်နှာဘေးလေးနဲ့ဆူပုတ်လျက်။
"ဘာကြည့်တာလဲ အရိုက်ခံရပါစေနော်..."
လျှာထုတ်ပြောင်နေသူအန်ကယ်လေးက တကယ်တမ်းအရိုက်ခံရပါလျှင် အငယ့်ဘက်မှကာပြောပေးတတ်၏။ သို့ပါသော်လည်းအခုလိုကျိန်စာတိုက်တာကြီးကတော့ မကောင်းပေ။
ဒီရက်ထဲအရမ်းသဘောကောင်း
နေသော ဦးဝဠာ က ရိုက်လိမ့်မယ်လို့မထင်ပါ။ မနေ့ညကလည်း အိပ်နေရင်း ဖက်ထားပေးသေး၏။ ညသန်းခေါင်ကျော်မှ ဗိုက်ဆာတယ်လို့ပြောမိချိန်လည်း မငြိုငြင်ခဲ့ပါ။ ဦးဝဠာကိုယ်တိုင် နွားနို့ဖျော်ပြီး ပေါင်မုန့်နို့ဆီစမ်းလေးလည်း သူ ကိုယ်တိုင်လုပ်လာပေးသေး၏။'ဘာအမှားမှမလုပ်ပဲကို ဦးဝဠာက ရိုက်စရာလား...'
လှေကားပေါ်ကပြေးမနေတော့ပါ ခပ်မြန်မြန်လှမ်းလျှောက်ပြီးသာ ရေချိုးခန်းထဲပြေးရတော့သည်။ ထိန်းမရတော့တာ မနေ့ကသရက်သီးနဲ့ ထမင်းတွေစားမိလို့လား။
စဥ်းစားမနေတာ့ပါ ပြာပြာသလဲနဲ့သာ ရေချိုးခန်းထဲပြေးဝင်မိလိုက်လေတော့၏။"မှိုင်းညှို့ငယ်..."
"ဟင် ဦးဝဠာ..."
မျက်ဝန်းပြူးကာစောင်းငဲ့ကြည့်လာလေသူကြောင့် လန့်သွားရတာအသေအချာ။ ရင်တွေအသည်းတွေတင်မက ကြက်သီးတွေပါဖြန်းခနဲထလို့။
သူက ရေချိုးခန်းတံခါးကို လော့မခတ်လေပဲ သေးပေါက်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဒီမှာလည်း ထွက်ကျလေတော့မှာမို့
တံခါးရှေ့ရပ်ပြီးသာ မြန်မြန်လုပ်ဖို့အော်ရတော့သည်။"ဟီး မြန်မြန် ဦးဝဠာ သားထွက်ကျတော့မယ်..."
'ဒါလေးပြောရုံကို ဒေါသထွက်နေတဲ့ ဦးဝဠာရဲ့ မျက်နှာတစ်ခုလုံးကနီရဲလျက်။ အပြင်မထွက်ခင် ဖင်ကိုဗြန်းခနဲချသွားလေ သူကြောင့် ဘောင်းဘီထဲထွက်ကျကုန်တော့သည်။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...