စိတ်ကူးထဲ မြက်နှုတ်ချင်စိတ်ပေါက်နေ၏။ ခုတလော မြက်တွေကိုပဲ ဝါးချင်သလို။ တိမ်တွေကိုပဲအရည်ကြိုသောက်ချင်သလိုလိုနဲ့ စိတ်ထွေပြားကာ အနည်းငယ်နေ၍မကောင်းပေ။ ကိုယ်ဝန်ကြောင့်စိတ်အလိုမကျဖြစ်ခြင်းဟုဆိုသော်လည်း
လူမြင်တိုင်းကိုက်ဆွဲချင်နေသော စိတ္တဇအတွေးတွေကတော့တစ်ခုခုပေ။
"အငယ်..."
"ဗျာ..."
"ဒီနေ့ ကလေးနာမည်ပေးမယ့် နတ်ဆရာနှစ်ယောက်လာလိမ့်မယ်..."
"ဟုတ်ကဲ့ပါ... သားစောင့်နေပါတယ်..."
နေမကောင်းချင်ဖြစ်နေသော အငယ့်ပုံစံလေးက ကိုယ်ဝန်ရင့်လာ၍လား။ အခုတလောသူ၏သွားများယားယံနေပြီး ကိုက်ဆွဲချင်နေသောစိတ်တွေကြောင့် အမာတစ်ခုခုပေးထားရ၏။
ဟော်နန်းဆီမှ သတင်းကြားရသည်။ စိုင်းဝဿန်တစ်ယောက်နေ့ဆိုနေမကောင်းပဲ ညဘက်တွေမှသာထမင်းစားသောက်ပြီး လျှောက်သွားနေတတ်သည်ဟူ၍။ မွေးဖွားဖို့ရာလည်း လပိုင်းသာလိုတော့တာမို့ အငယ်ကိုလည်း ခရီးမထွက်စေချင်ပေ။
"ဦးဝဠာ ကားသံကြားတယ် လာပြီထင်တယ်..."
သတင်းစာဖတ်နေသောဦးဝဠာက စကားသံကြောင့်ထင် ခေါင်းငြိမ့်ပြလျက် ထွက်သွားလေ၏။ အားမရှိတော့သလိုခံစားချက်နဲ့ နွမ်းလျနေခြင်းတို့ကြောင့် စိတ်ထဲအန်ချင်နေပြန်၏။
ဧည့်သည်များက ဧည့်ခန်းထဲရောက်လာကြ၏။
မြင်ဖူးသလိုလိုရှိသော အဘိုးနှစ်ယောက်ဖြစ်နေသည်။ ဦးဝဠာရဲ့ဆေးရုံမှာ တက်ရောက်ကုသနေသောအဘိုးနှစ်ယောက်။
"မှိုင်းညှို့လေး..."
"အဘိုးခွန်ဆိုဝ်...အဘိုးစဝ်အိုက်စန်..."
အဘိုးနှစ်ယောက်ကအပြုံးမျက်နှာတွေနဲ့ ဧည့်ခန်းအတွင်းရောက်လာပြီး အသီးသီးနေရာယူလိုက်ကြ၏။
"အန်ကယ်လ်...လေးလေး...
နေကောင်းကြလား..."
"ကောင်းပါတယ် မင်းတို့ရော..."
"ကောင်းပါတယ်ဗျ..."
ဦးဝဠာကရင်းနှီးစွာခေါ်ပြောနေ၏။ အဘိုးအရွယ်အသက်ခုနစ်ဆယ်နီးပါးနဲ့လူအိုကြီးတွေကို အန်ကယ်လ်နဲ့လေးလေးလို့ခေါ်နေသေးသည်။
အဘိုးနှစ်ယောက်က သူတို့၏မျက်နှာကိုကိုင်လျက်
တစ်ခုခုလုပ်နေကြသည်။
YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...
