အိပ်ယာနိုးတာနဲ့ဖြစ်နေသောခံစားချက်က ထူးခြားနေသည်။ ထူးထူးဆန်းဆန်းဖြစ်နေပုံကလည်း ဘယ်လိုဖော်ပြရမယ်မသိတော့ပေ။
သားနှစ်ယောက်ရဲ့ကိုယ်အလေးချိန်မှာ ကိုးကီလိုရှိနေ၏။ တစ်ယောက်ကို ၉ပေါင်နီးပါးရှိကြသည်။
လူတွေဗိုက်ထဲရောက်နေတာလား။ ဝက်တွေကိုပဲဗိုက်ထဲထည့်ခဲ့မိလားလည်းမပြောတတ်တော့ပေ။အဆာပြေစားမိလျှင် ငှက်ပျောသီးလေးလုံးရှိသည်။ ရုပ်ရှင်ကြည့်ရင်း အပျင်းပြေစားမိခဲ့လျှင်
အာလူးကျော်၅၀၀ဂရမ်တစ်ထုပ်နဲ့ အုန်းရေတစ်ဗူး။
ထမင်းတစ်ခါစားသုံးပန်ကန်။ စားတာများတဲ့အခါ ဦးဝဠာကအစာကြေဆေးတွေတိုက်သေး၏။ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်မှာ စိုးရိမ်၍ဟုဆိုသော်လည်း အစာကြေဆေးစားပြီးတာနဲ့ ဗိုက်ထပ်ဆာနေခြင်းက ဘယ်လိုရှင်းပြရမယ်မသိပေ။"မှိုင်းညှို့လေး ခြံထဲဘာလို့ထိုင်ပြီးငိုင်နေတာလဲတဲ့
ဆရာဝဠာဖုန်းဆက်တယ်..."အိမ်အကူအမက ဖုန်းကိုကမ်းပေးလာတော့ ကိုင်ချင်စိတ်မရှိပေ။ အိမ်ထောင့်မှCCTVက ကျွမ်းပြန်လည်နေသည်။ ဦးဝဠာတစ်ယောက် ကင်မရာထဲကချောင်းကြည့်နေတာထင်၏။
"အမပဲ ဦးဝဠာကိုမေးလိုက်ပါ...ဟိုးဘက်ကခြံထောင့်ကို CCTVနဲ့မြင်ရလားလို့..."
"မမြင်ရဘူး..."
CCTVမှထွက်လာသော ဦးဝဠာရဲ့အသံနဲ့အတူ ဖုန်းထဲကပါကြားလိုက်ရသောအသံ။ မနှစ်ကပြောင်းလိုက်တဲ့CCTVက ရုပ်ရော၊အသံရော ကြားရတယ်လား။
ဖုန်းကိုသူ့လက်နဲ့မကိုင်ပဲ ခုံပေါ်တွင်တင်လျက်သာ
စပီကာဖွင့်လိုက်လေသူက ဘေးနားရောက်လာသောဖနွမ်နဲ့အတူ အိမ်အကူအမကြီးကိုလည်းဂရုမစိုက်ပေ။ သူလုပ်ချင်ရာလုပ်နေ၏။"အငယ် မင်းဘာလုပ်နေတာလဲ...ရေဗူးထဲကရေတွေနဲ့ဘာလို့မြက်တွေကိုဖြန်းနေတာလဲ..."
"ပရိတ်ရေတွေ ရိုးရိုးရေမဟုတ်ဘူး ဦးဝဠာရဲ့..."
ဖုန်းထဲကနေလူကိုအော်ဖို့ပဲသိ၏။ ခုတလောပရိတ်ရေသောက်လိုက်၊ပရိတ်ရေဖြန်းလိုက် ပဠာန်းတွေနားထောင်လိုက်ဖြစ်လာခဲ့ချိန်မှာ ကလေးတွေအသက်ဝင်လာပြီး လှုပ်ရှားလာကတည်းကပင်။
မနက်ပိုင်းပရိတ်တရားနာလိုက်ပြီးလျှင် ညနေဘက်ပဋ္ဌာန်းတရားလေးနာလိုက်ရမှနေသာထိုင်သာရှိ၏။

YOU ARE READING
My Man (ငါ့လူကြီး)
Romanceမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...