Part-25

5.7K 314 34
                                    

"အကို...သားကစကားပြောပြီတဲ့..."

"ဘယ်လို..."

ဆရာဝန်ကြီးတွေရဲ့အပြောကြောင့် ပျော်၍မဆုံးဖြစ်နေသည်။ သားလေးကစကားပြောလေပြီဆိုတော့ မျက်ရည်တွေပါကျရလောက်သည်အထိ ဝမ်းသာနေမိ၏။
ယောကျာ်းဖြစ်သူကပါ ပျော်ရွှင်နေလေတော့
နှစ်ယောက်အတူ အငိုမျက်ဝန်းအပြုံးမျက်နှာတွေနဲ့ သားလေးထွက်လာမယ့်အရေးပေါ်အခန်းရှေ့ဝယ်ရပ်ရင်း အတိတ်ကိုတွေးမိခဲ့၏။

ဟော်နန်းကထွက်ပြေးလာပြီးနောက်မှာ သားလေး နှစ်နှစ်တိတိရှိခဲ့​သည်။ အကိုတော်နဲ့သူ့ရဲ့အမျိုးသားကတော့ နိုင်ငံရပ်ခြားတွင်နေထိုင်ကာ ကူညီ​ပေးတတ်သည်။ သားလေးငယ်စဥ်ကပဲ မသမာသူလူတစ်စုရောက်လာကာ သားတော်လေးကို အန္တရာယ်ပေးကြသည်။

မယ်မယ်ကြီး၏လူတွေပင်။
သူ၏မြေးတော်လေးလွိုင်းမှန်းသိသွားခဲ့၍
အန္တရာယ်လာပေးကြခြင်းသာ။ မြေးကိုမလိုချင်ပါပဲ သမီးလေးပြန်လာပါလို့ပြောနေသော မယ်မယ်ကသိပ်ကိုအတ္တကြီးနေခဲ့သည်။

အဲ့ဒီ့နောက်ပိုင်းတွင် မန္တလေးသို့သာပြောင်းရွှေ့နေထိုင်ပြီး ဟော်နန်းသတင်းကိုသာနားစွင့်လို့ ပုန်းရှောင်နေခဲ့ရ၏။

စကားမပြောတတ်သေးသောသားလေးက တစ်ချို့စကားလုံးလေးတွေ ပြောတတ်သည်။ ရေသောက်ချင်လျှင် 'ရယ်'ဟူ၍။ ထမင်းစားချင်ပါလျှင် 'မန်မန်'ဟူ၍။ မပီမသနဲ့ဆိုသော်လည်း သားလေးကလိမ္မာလွန်းသည်။ မေးလိုက်သမျှ သူလိုချင်လျှင် ခေါင်းလေးငြိမ့်တတ်သလို မလိုအပ်လျှင်လည်းခေါင်းခါပြတတ်၏။

အမြဲတမ်းပြုံးနေတတ်သူလေးမို့ အိမ်နားပတ်ဝန်းကျင်က လူတိုင်းကလည်း ချစ်ကြသည်။ 'သားဘဝလေးက မေမေနဲ့ဖေဖေနဲ့အမြဲပျော်နေပုံလေးနဲ့ဆိုတော့ အေးချမ်းလိုက်တာ၊ သားလေးကိုဘာကြောင့် မှိုင်းညှို့လို့နာမည်ပေးရတာလဲ' ဟူ၍လည်း မေးကြ၏။

သားဘဝလေးက ဒီလိုသာမာန်အိမ်လေးထဲမှာ ညှိိုးငယ်စွာနေနေရတာမို့ ဒီလိုလေးသာအမည်ပေးခဲ့ခြင်းပေ။ မွေးဖွားခဲ့စဥ်ကလည်း
တိမ်တွေညို့ကာ မိုးမှိုင်းလာ၏။
ဘယ်သူမှမသိသော ကလေးတစ်ယောက်ကို ဘယ်သူမှမမြင်အောင် ဖွက်နေရ၏။ ဘယ်သူမှမရှိသော နေရာလေးတွင် 'မှိုင်းညှို့ညှို့'လေးနေနေရသော သားရဲ့ဘဝလေးကြောင့် 'မှိုင်းညှို့ငယ်'လို့သာ ခေါ်တွင်စေခဲ့သည်။

My Man (ငါ့လူကြီး) Where stories live. Discover now