အရေးပေါ်ကားရောက်လာသည့်အချိန်ကို မစောင့်နိုင်တော့သလို အသက်မရှူတော့သော လူနှစ်ယောက်ကြောင့်လူအားလုံးပူထူစွာ။ ဆုပ်ကိုင်ထားကြသော လက်အသေးလေးက လက်ဖဝါးကြီးထက်ဝယ် မြဲမြံလျက်။
မှိုင်းညှို့ငယ်ရဲ့လက်ကလေးကိုဆွဲခွာကာ ဦးဝဠာထွန်းကို ကားပေါ်တင်ဖို့ပြင်သော်လည်း ဘယ်လိုမှခွာမရတော့ေသာ လက်ကလေးနှစ်ဖက်ကြောင့် နှစ်ယောက်လုံးကိုကားပေါ်တင်ပြီး ဆေးရုံသို့ပို့ရ၏။ ကားကူရှင်ကနှစ်ယောက်အတွက်အဆင်မပြေသော်လည်း ရအောင်တော့တင်လိုက်ရပေသည်။
"ဘယ်လိုဖြစ်ရတာလဲ...အမလေး ငါ့မြေးလေး..."
အပြေးရောက်လာကြသောနှစ်ဖက်မှဆွေမျိုးများ။
ကြီးမေနှင့်မှိုင်းညှို့ငယ်ရဲ့အဘွားတို့ကိုယ်မှာ ဟင်းနံလေးများပင်ကပ်ပါနေကြသေးသည်။ အိမ်ပြန်ရောက်တဲ့အခါ တူသားမောင်မယ်တွေအတွက်ဆိုပြီး ရည်ရွယ်ကာချက်ပြုတ်နေကြတာဖြစ်လိမ့်မည်။"ကိုစဝ်သီ ဘယ်လိုဖြစ်တာလဲ..."
"မင်းရဲ့လက်ချက်မဟုတ်လား နန်း..."
လူအားလုံး၏အကြည့်များ သံသယမျက်ဝန်းများက မိမိထံသို့ရောက်လာလေခဲ့ပြီ။ မယုံကင်းသောအကြည့်များက ဝန်ခံဖို့ရာဆော်ဩနေခဲ့၏။ တကယ်လား။ သေချာနေတာလားဆိုတဲ့မေးခွန်းထက် နင်မှနင်ပဲဟုစွပ်စွဲနေသလို။
"မေမေ..."
"..."
"မှိုင်းညှို့လေးရဲ့အသက်အန္တရာယ်က
စိုးရိမ်ရတယ်...၆၀/၄၀ပဲ..."ခွန်းစဝ်သီလက သူ၏အမျိုးသမီးရှိရာမျက်နှာလွှဲထားသလို သားဖြစ်သူတို့ရဲ့အကြည့်တွေဟာလည်း သူမအပေါ်တာဝန်မဲ့နေသယောင်။ ပြောမပြနိုင်သော၊ ရှင်းမပြနိုင်လောက်အောင်ကို စိမ်းသက်သက်နဲ့ သူစိမ်းပမာ။
"ဝဠာရော...ဝဠာထွန်းရဲ့အခြေအနေရော..."
"ဦးဝဠာ ဆုံးသွားပြီ..."
ထိုင်ခုံပေါ်ထိုင်ချပြီး မျက်လွှာချကာငေးငိုင်သွားသော ဟော်နန်း၏မိဖုရားနန်းနွယ်နှင့် ငိုနေသော မင်းသမီးလေးဖနွမ်တို့၏ အသံကတိတ်ဆိတ်သွားကြလေပြီ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ အပြစ်တင်ပြောဆိုခြင်းမရှိတော့သလို ခွဲခန်းအတွင်းမှ လူသားတွေကိုသာစောင့်နေကြပြီ။
YOU ARE READING
My Man (ငါ့လူကြီး)
Roman d'amourမင်းကို စောင့်ရှောက်ရင်းပဲ ကိုယ့်အနာဂတ်မှာအလုပ်ရှုတ်နေတော့မှာပဲ အငယ်...