Part-16

6.5K 365 34
                                    

ဘေးတစ်စောင်းအိပ်တာက ကြာနေ၍လား။ လက်မောင်းထက်သို့ လေးပင်သောအရာ အဖိခံထားရ၍လားတော့မသိ။ လက်တစ်ခုလုံးထုံကျင်နေသည်။ ကိုယ့်ဘက်ကလှုပ်လိုက်မိရင်လည်း တစ်ဖက်လူ အိပ်မောကျနေခြင်းကို အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်ရသလို သူလေးအိပ်ရေးမဝ၍ နေမကောင်းဖြစ်မှာလည်း စိတ်ပူပါ၏။

မျက်ဝန်းတွေကတော့ဖွင့်မရသေးပါ။
ဆောင်းလေအေးအေးရဲ့ အငွေ့တွေကြောင့်နေပါလိမ့်မည် အဲကွန်းအနိမ့်ဆုံးဖွင့်ထားတာတောင် အေးစိမ့်လို့ချမ်းနေ၏။ ဘေးနားကအသက်ရှူသံလေးဆီမှ အရင်လိုဟောက်သံလေးတွေမကြားရ။

တစ်ဖက်မှလူသားလေးရှိရာသို့ လက်လှမ်းကာပွေ့ရင်း ပြန်လည်လို့ မှေးစက်ဖို့တွေးမိသည်။ အတိုင်းထက်အလွန် ချမ်းနေသေးတာမို့ မျက်ဝန်းတွေပိတ်ပြီးသာ ခတ္တခဏလေးမှိန်းနေမယ်လို့ တွေးလိုက်မိ၏။

တော်သေးတာက အအေးကြောက်တဲ့ကောင်လေးက သူ့ကိုယ်သူတော့လုံအောင် နွေးအောင်လုပ်ထားပြီးသားပေ။ လက်အိတ်၊ခြေအိတ်တွေအပြင် အကျီနှစ်ထပ် ဘောင်းဘီနှစ်ထပ်နဲ့မို့ အငယ်အေးနေမှာတော့ပူစရာမလိုပေ။

အခုဆိုလည်း စောင်အထူကြီးကိုနှစ်ယောက်ခြုံထား၏။ ကိုယ့်မှာတော့ အအေးဒဏ်ကိုအံတုမနိုင်သေး။ ချမ်းစိမ့်နေပြန်သော ခံစားချက်တွေ​ကြောင့် ညကကောင်လေးကိုသတိရသွား၏။ ခြေအိတ်၊လက်အိတ်ဝတ်ထားရုံမက ခေါင်းစွပ်ကြီးကိုစောင်းထားပုံမှာ လိပ်ကလေးဦးခေါင်းကိုဖွက်ကာ လျိုထားသလို။ အကျီတွေလည်းအထပ်ထပ်။
အဲကွန်းတွေပိတ်လိုက်ရင်ကောင်းမလားတွေးရင်း ငြီးလိုက်မိ၏။

"ချမ်းလိုက်တာ..."

တစ်ယောက်ယောက်က ကြည့်နေသလိုလို ခံစားချက်ကြီးနဲ့အတူ စိတ်ထဲမလုံမလဲဖြစ်ရပြန်တော့ ချက်ချင်းကြီးနောက်ကျော
ကျောမလုံချင်။ စူးစူးနစ်နစ်အကြည့်ခံနေရပါသော ခံစားချက်တွေနဲ့တစ်စုံ၊တစ်ယောက်က ကိုယ့်ကိုကြည့်နေပါတယ်ဆိုသော သံသယတွေ။

"အမလေး..."

"ဂွတ်မောနင်း ဦးဝဠာ..."

မျက်ဝန်းအပြူးသားလေးနဲ့ မျက်နှာတည့်တည့်ကိုငေးကာကြည့်နေသူကြောင့် လန့်သွားရတာအမှန်။
ခေါင်းစွပ်အကျီနဲ့ပေမို့ သူ၏မျက်နှာလေးသာမြင်ရ၏။ မျက်ဝန်းပြူးပြူးဝိုင်းဝိုင်းလေးနဲ့ သွားတန်းဖြူဖြူလေးဖြင့် ပြုံးပြလာသူက ရင်ခွင်ထဲသို့ပစ်ဝင်လာလေပြီ။

My Man (ငါ့လူကြီး) Where stories live. Discover now