အခန်း (၁)

8.3K 350 16
                                    

အခန်း (၁)

ဒီလို ဇာတ်လမ်းတိုတွေကို မင်းဟာ facebook မှာ မကြာမကြာ ကြည့်ဖူးမှာပဲ ။

မင်းသမီးက ဇာတ်လမ်းအစမှာ မင်းသားကို ဆင်းရဲသားကောင်လေးလို့ ထင်ပြီး တစ်ခုခု ကူညီလိုက်တယ်ကွာ ။
မင်းသားက မင်းသမီးရဲ့ ရိုးသားမှုကို စိတ်ဝင်စားပြီး သဘောကျသွားတယ် ။

နောက်တစ်ခန်းကျတော့ မင်းသမီးက ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်ရတယ် ။
အဲ့မှာပဲ သူ့ထက် အလုပ်ကို စောဝင်နေတဲ့ သူ့ရဲ့ ကျောင်းနေဖက် ဗီလိန်မနဲ့ ပြန်ဆုံရတယ် ။

ဗီလိန်မက မင်းသမီးကို မနာလိုဘူး...။
ဇာတ်လမ်းတိုတွေထဲက အတိုင်းဆိုရင် ပလိန်းကြီးကို အမြင်ကတ်ချင်လို့ကို ကတ်တာပေါ့ ။
မင်းသမီးကို အလုပ်တွေ ပိုလုပ်ခိုင်းတယ်... OT တွေ ဆင်းခိုင်းတယ် ။

မင်းသားက ကျတော့ ကုမ္ပဏီ ကို အလုပ်သင်လေးအနေနဲ့ လာစစ်ဆေးတဲ့ သူဌေးသားပေါ့... ။
မင်းသမီးက မင်းသားကို သူ ကူညီပေးခဲ့တဲ့ ဆင်းရဲတဲ့ ကောင်လေးပဲ ဆိုပြီး ကုမ္ပဏီ မှာ လက်တွဲပြီးခေါ်တယ် ။

ဗီလိန်မမှာက အစ်ကိုရှိတယ်ကွာ ။
ဗီလိန်မရဲ့ အစ်ကိုက ကုမ္ပဏီ က မန်နေဂျာအဆင့်ပေါ့ ။
ဗီလိန်မက အမှန်တော့ အစ်ကို အားကိုးနဲ့ ရမ်းကားပြီး မောက်မာနေတာ ။

ဒီလောက်ဆို ဇာတ်သိမ်းကို ဘာဖြစ်မလဲ ဆိုတာ မင်း မှန်းလို့ရနေပြီ မဟုတ်လား ။
ဒါပေမယ့် ငါ ဆက်ပြောပါရစေဦး ။

ကံဆိုးချင်တော့ ငါက ဒီဇာတ်လမ်းထဲကို ရောက်လာတယ် ။
အေး... ဘယ်သူ အဖြစ်နဲ့ လဲဆိုတော့ ကံဆိုးစွာပဲ ဗီလိန်မရဲ့ အစ်ကို အဖြစ်နဲ့ပေါ့ ။

ပြီးတော့ ပိုဆိုးတာက အဲ့ဇာ​တ်လမ်းတိုက ငါ ညက မအိပ်ခင်မှာ ကြည့်ခဲ့တဲ့ ဇာတ်လမ်းတို ။
အိပ်ယာက နိုးတော့ ငါက မတူညီတဲ့ ကမ္ဘာတစ်ခုမှာ နိုးထလာပြီး အဲ့ဇာတ်လမ်းထဲက ဗီလိန်ကောင် ဖြစ်နေတော့တာပဲ ။
ဗီလိန်ကောင်က သူ့ညီမကိုသူ မြှောက်ပေးထားတော့ ဗီလိန်မက အရမ်းဆိုးသွမ်းနေပြီ ။

ငါ ရောက်သွားတဲ့ ဇာတ်ကွက်က မင်းတို့သိတဲ့အတိုင်း နောက်ဆုံးဇာတ်ကွက်ဆီကို ရောက်သွားတာပဲ ။
ဗီလိန်မက မင်းသမီးကို ညလုံးပေါက် project တွေ လုပ်ခိုင်းထားတယ်ကွာ ။

How to Flirt with a CEO (Completed)Where stories live. Discover now