အခန်း (၁၆)
ထိန်လျှံဝဠာ က သူ့ကို လာထိုးတဲ့လူနဲ့ လာရိုက်တဲ့လူနှစ်ယောက်ကို ချက်ချင်း တုံ့ပြန်ဖို့ ရင်ဆိုင်လိုက်တယ် ။
ဒါပေမယ့် သူ့အစ်ကို နေလျှံအာကာ ကို တွေ့လိုက်တာနဲ့ သူ့ပုံစံက ချက်ချင်း ပြောင်းလဲသွားတော့တယ် ။
သူဟာ ကျားသစ်ကို တွေ့လိုက်ရတဲ့ ယုန်သူငယ်လေးလို ချက်ချင်းကို မလှုပ်တော့ဘဲ ကုပ်သွားလေတော့တယ် ။" ငလျှံ... မင်း ဘာတွေ လုပ်နေလဲ ဆိုတာကော မင်း သိရဲ့လား.... "
CEO ရဲ့ အသံက အေးစက်စက်နဲ့ ကြောက်စရာကောင်းနေတယ် ။
ငါတောင်မှ အဲ့အသံကြီးကို နည်းနည်း လန့်သွားရတယ် ။" အစ်...အစ်ကို... "
ထိန်လျှံဝဠာ က ချက်ချင်းပဲ ရိုကျိုးသွားတဲ့ လေသံနဲ့ သူ့အစ်ကို ကို ပြန်ဖြေလာတယ် ။
ငါ နည်းနည်းတော့ အံ့သြ သွားတယ် ။
ခုနတုန်းက ရန်စွယ် တငေါငေါနဲ့ မာန်တက်နေတဲ့ သခင်ငယ်လေးက ဘယ်ရောက်သွားပြီလဲ ။
အခုတော့ သခင်ငယ်လေး ပုံစံက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပဲ ။" ထိန်လျှံဝဠာ ရဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း ကျွန်တော် မေတ္တာရပ်ခံပါရစေ... အခု ကျွန်တော့်ညီလေးကို ကျွန်တော် အိမ်ပြန်ခေါ်သွားချင်လို့ ခွင့်ပြုပါဦး ခင်ဗျ... "
ထိန်လျှံဝဠာ ရဲ့ သူငယ်ချင်း တွေက နေလျှံအာကာ ကိုတော့ လေးစားကြပုံ ရတယ် ။
ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေး လောကမှာ ဦးဆောင်နေနိုင်တာ နည်းတဲ့ အရည်အချင်းမှ မဟုတ်တာ ။ငါတို့ ငယ်ငယ်တုန်းက ငါတို့အမေတွေက ဘေးအိမ်က စာတော်တဲ့ ကလေးတွေရဲ့ ချီးကို စားခိုင်းခဲ့သလို နေလျှံအာကာ ရဲ့ ချီးကိုလည်း သခင်ငယ်လေးတွေရဲ့ အမေတွေက စားခိုင်းခဲ့ကြပုံပေါ်တယ် ။
" ဟုတ်ကဲ့ပါ... ကိုနေလျှံအာကာ... "
သခင်ငယ်လေးရဲ့ သူငယ်ချင်း ဆိုသူတွေက တညီတညွတ်ထဲ ပြန်ဖြေကြတယ် ။
" ဒီဝိုင်းကို ငါ့ဘေလ်ထဲ ထည့်မှတ်လိုက် ဇင်ငြိမ်း... အားလုံး လွတ်လွတ်လပ်လပ် ပျော်ကြပါစေ ... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...