အခန်း (၂၂)
နောက် နှစ်ရက်နေတော့ ငါတို့ရဲ့ ကြော်ငြာကို လွှင့်လိုက်တဲ့အခါမှာ အဲ့တာက တစ်ဟုန်ထိုး ပေါက်သွားခဲ့တယ် ။
အားလုံးသော ဖူဂျိုရှီတွေရဲ့ ထောက်ခံအားပေးမှုနဲ့အတူ နေလျှံရိပ်ထင် Fan Page က ပိုလို့ Like တွေများပြီး အသက်ဝင်လာတော့တယ် ။
အခုတော့ ဆတ်ရိပ်အာကာ လို့ နာမည်ပေးမယ့် ငါ့ရဲ့ အိပ်မက်ကို ငါ့မှာ စွန့်လွှတ်လိုက်ရပြီ ။ကွန်မန့်တွေ အများစုက ငါတို့ နမ်းတဲ့အခန်းကို အလေးပေးပြီး ဖော်ပြနေကြတယ် ။
ကြော်ငြာတစ်ခုလုံးရဲ့ အသက်က နမ်းတဲ့အခန်းပါပဲ ဆိုပြီး အားလုံးက သဘောကျနေကြတယ် ။
ကွန်မန့်အားလုံးလိိုလိုက နမ်းတဲ့အခန်း ကိုပဲ ရည်ညွှန်းနေကြလေတော့ ငါ ပိုလို့ ရှက်လာရတယ် ။အမှန်ဆို ငါ့ရဲ့ First Kiss ကို ငါက သိုသိုသိပ်သိပ်ကလေး ဖြစ်စေချင်ခဲ့တာ ။
အခုတော့ တစ်နိုင်ငံလုံးက သိကုန်ကြပြီ ။
ငါ့ရဲ့ First Kiss ကို တစ်နိုင်ငံလုံးက ကြည့်နေကြတယ် ဆိုတဲ့ ခံစားချက် ကြီးက တကယ်ကြီးကို အူကြောင်ကြောင် နိုင်လွန်းလှတယ် ။နေလျှံအာကာ က ကြော်ငြာကို ကြည့်ပြီး ပြုံးနေမိလိုက်တယ် ။
သူ ဒီနေ့ ဒီ ကြော်ငြာကို ကြည့်တာ အခါပေါင်းများစွာ မရေတွက်နိုင်တော့ဘူး ။
ဒီကြော်ငြာကြောင့် သူတို့ Product ကို လူပိုသိသွားတာထက် သူနဲ့ ဆတ်ရိပ်ထင် ကို လူပိုသိသွားတာကို သူ့စိတ်ထဲ ကြည်နူးသလို ခံစားနေမိတယ် ။" ဟေ့ရောင်... နေလျှံ... ငါ စီစဥ်ပေးလိုက်တဲ့ ကြော်ငြာက အခုတော့ အရမ်းပေါက်သွားပြီ မဟုတ်လား... မင်း ကြော်ငြာလိုင်းဘက်ကိုကော ပြောင်းချင်သေးလား... "
စံလင်းသစ် က နေလျှံအာကာ ကို ရယ်ရင်း မေးလိုက်တယ် ။
" ငါက ဘာလို့ လူတကာနဲ့ ကြော်ငြာရိုက်နေရမှာလဲ... ငါ့ CEO အလုပ်နဲ့တောင် ငါ့မှာ အားလပ်တာ မဟုတ်ဘူး... "
" ဒါဆိုရင် မင်းက ဆတ်ရိပ်ထင် နဲ့ မို့လို့သာ အချိန် တွေကို ဖဲ့ပေးပြီး ကြော်ငြာဖို့ လုပ်ခဲ့တာပေါ့... ဟုတ်လား... "
" ဟေ့ရောင်... ငါ့ကို ကတ်သီးကပ်သတ်တွေ မေးမနေနဲ့... ဒါပဲ... ငါ ရုံးဆင်းတော့မယ်... "
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...