အခန်း (၅၆)

1.6K 104 4
                                    

အခန်း (၅၆)

နှစ်ယောက်သားက ဆေးရုံမှာ ဒရာမာတွေ လာရိုက်နေကြတာလား မသိဘူး ။
ဖက်ထားလို့ကို မပြီးနိုင်ကြဘူးလို့ ငါက ကိုစံလင်းသစ် နဲ့ ကျော်လင်းည တို့ နှစ်ယောက်ကို ကြည့်ရင်း အမြင်ကတ်ကတ်နဲ့ တွေးမိတယ် ။
တွေးမိရင်းနဲ့မှ ငါကိုယ်တိုင်လည်း CEO ရဲ့ ရင်ခွင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတာကို သတိရသွားမိတယ် ။
အဲ့တာကြောင့် အရှက်ပြေ CEO ရဲ့ ရင်ခွင်ထဲကနေ နည်းနည်း ခွာပြီး ထလိုက်တယ် ။

" ဆတ်ရိပ်... အဆင်ပြေရဲ့လား... မူးနေသေးတယ် မလား... လှဲလိုက်ဦးလေ... "

CEO က ငါ သူ့ရင်ခွင်ထဲက ထွက်တာနဲ့ ပြန်ဆွဲထားပြီး မေးလာတယ် ။
ငါက အဆင်ပြေတယ်ဆိုတာ ပြန်ပြောပြလိုက်ရတယ် ။

" ရတယ် ကိုကို ... ဟိုဘက်ကို မေးစရာ ရှိလို့... "

အမှန်တော့ ငါက ကိုစံလင်းသစ် နဲ့ ကျော်လင်းည တို့ ကိစ္စကို စပ်စုချင်နေတာဖြစ်တယ် ။
နှစ်ယောက်သား ဘာတွေ ပြောနေကြလဲ ဆိုတာကို နားထောင်ဖို့ဆို ကိုနေလျှံအာကာ ရင်ခွင်ထဲကနေဆို မကြားရဘူး မဟုတ်လား ။

" ကျော်လင်းည... ပြန်ပေးဆွဲခံရတာဆိုတော့ ဘာ ထိခိုက်သွားသေးလဲ ဟင် ... "

ကိုစံလင်းသစ် အသံက စိုးရိမ်စိတ် များနေတဲ့အသံ ဖြစ်တယ် ။
ကျော်လင်းည က အားပြတ်နွမ်းလျနေတဲ့ အသံလေးနဲ့ အဖြေ ပြန်ပေးလာတယ် ။

" ကျွန်တော့်ကိုလေ ပြန်ပေးသမားက ပါးတစ်ချက်ကြီးများတောင် ရိုက်လိုက်တာ သိလား... "

ကိုစံလင်းသစ် က ကျော်လင်းည ရဲ့ ပါးလေးကို တယုတယ ကိုင်ပေးနေသေးတယ် ။
မြင်ကွင်းက ကြည့်ရတာ တော်တော်လေး အပိုတွေ လုပ်နေတယ်လို့ ငါ ခံစားမိလာတယ် ။

" ကိုစံလင်းသစ် က ဟိုမြို့မှာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ချက်ချင်းကြီး ရောက်လာတာလဲဟင်.... "

ငါလည်း သိချင်စိတ်ကို မထိန်းနိုင်တော့တာကြောင့် သူတို့ နှစ်ယောက်သား စကားပြောနေကြတဲ့အထဲကို ဖြတ်ပြီး မေးမိလိုက်တယ် ။

" ကျော်လင်းည က ကျွန်တော့်ကို အားကိုးတကြီး ဖုန်းဆက်လာတာ ဆိုတော့ ကျွန်တော်က မပြန်လာလို့ မကောင်းဘူးလေ... ဟဲဟဲ... အဲ့တာနဲ့ ညတွင်းချင်း လေယာဥ်လက်မှတ်ဖြတ်ပြီး ပြန်လာလိုက်တာ... "

How to Flirt with a CEO (Completed)Where stories live. Discover now