အခန်း (၅၅)

1.5K 101 6
                                    

အခန်း (၅၅)

ကျော်လင်းညက သူ့ကို ချန်ထားလို့ ငါနဲ့ ဇာတ်ညွှန်းဆရာ ကို သိပ်မကြည်ဘူး ။
ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ပြောလေတယ် ။

" ငါ့မှာတော့ ဘာမဆိုင် ညာမဆိုင် လိုက်လာပေးခဲ့ရတာကို... မဆီမဆိုင် တစ်ချက်လည်း အရိုက်ခံခဲ့ရသေးတယ် ... အဲ့တာကို သူတို့ လူတွေ လာတဲ့အခါကျတော့ ငါ့ကို ထားသွားကြတယ် ... "

ငါ့မှာ မကျေမနပ် ဖြစ်နေတဲ့ ကျော်လင်းည ကို ကလေးတစ်ယောက်လိုမျိုး ပြန်ချော့နေရသေးတယ် ။

" အေးပါကွာ... ငါတို့မှားတာပါ... စိတ်မဆိုးနဲ့တော့နော်... "

CEO ကတော့ ကလေးလို ဂကျီဂဂျောင် လုပ်နေတဲ့ ကျော်လင်းည ကို စိတ်ပျက်သလို ကြည့်ပြီး ပြောလိုက်တယ် ။

" ဆတ်ရိပ်... အဲ့ကောင်ကို သွားချော့မနေနဲ့... ငါတို့ ကယ်ပေးလို့ လွတ်လာတာကိုများ သူက ဂျီးများနေသေးတယ်... "

အဲ့စကား ကြားလိုက်တော့ ကျော်လင်းည က မျက်နှာကြီး စူသွားပြီး ပြန်ပြောတယ် ။

" အတွဲတွေ ပေါင်းပြီး ငါ့ကို အနိုင်ကျင့်နေကြတာ... ငါ ကိုစံလင်းသစ် ပြန်လာမှ တိုင်ရမယ်... "

အံမယ်... သူ့ ကိုစံလင်းသစ် က ငါတို့ ကုမ္ပဏီ မှာ ဒါရိုက်တာပဲ ဥစ္စာ ။
ငါ့ရဲ့ ချစ်သူကမှ CEO လေ ။
အဲ့တာကို ဘယ်သူက ဘယ်သူ့ကို ပြန်တိုင်ဦးမှာလဲ လို့ ငါ့စိတ်ထဲက တွေးလိုက်တယ် ။
ဒါပေမယ့် ဂုဏ်ဆာနေတယ် ထင်မှာဆိုးလို့ ပါးစပ်ကတော့ ထုတ်မပြောလိုက်ပါဘူး ။

" ငါ့သူငယ်ချင်း စံလင်းသစ် က အပန်းဖြေတဲ့မြို့မှာ ရောက်နေတာ... မင်းဆီကို ပြန်မလာနိုင်ဘူး.... တိတ်တိတ်လေးနေ... "

နေလျှံအာကာ က ကျော်လင်းည ကို နဂိုထဲက ဆတ်ရိပ်နား ခဏခဏ ကပ်လို့ ကြည့်မရတာ ဖြစ်တယ် ။
အခုလည်း သူ့ငယ်သူငယ်ချင်း အရင်းကြီး ဖြစ်တဲ့ စံလင်းသစ် ကို လာရှုပ်နေပြန်ပြီ ။
ဒီကောင်က သူနဲ့ လွတ်လွတ်ကင်းကင်း ဇာတ်လမ်းမရှာတတ်ဘူးလားဆိုပြီးတောင် နေလျှံအာကာတွေးမိတယ် ။
အဲ့တာကြောင့်လည်း သူ အော်ထည့်လိုက်တာ ဖြစ်တယ် ။

ကျော်လင်းည က ကိုနေလျှံအာကာ ကို မျက်စောင်းထိုးလိုက်တယ် ။
ငါကော ဇာတ်ညွှန်းဆရာ ကော နှစ်ယောက်လုံးက သက်ဆိုင်ရာ ဘဲ ကိုယ်စီနဲ့ တွဲပြီး လျှောက်နေကြချိန်မှာ ကျော်လင်းည ခမျာတော့ ကိုယ့်ခြေထောက် ကိုယ်သုံးပြီး လျှောက်နေရရှာတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now