အခန်း (၃)

4.9K 316 18
                                    

အခန်း (၃)

နောက်ရက်က ရုံးပိတ်ရက် ။
အဲ့ မနက်အစောကြီးမှာပဲ ကျွန်တော်နဲ့ ဇာတ်ညွှန်းရေးဆရာတို့ ဖက်ပြီးငိုကြတော့တယ် ။

CEO ရဲ့ အိမ်လိပ်စာကို ကျွန်တော် စုံစမ်းပြီး ရောက်သွားတော့ ခြံထဲကနေ ထော့နင်းထော့နင်းနဲ့ ထွက်လာတဲ့ ကျွန်တော်နဲ့ သက်တူရွယ်တူလောက်ရှိမယ့် လူတစ်ယောက်ကို မြင်လိုက်ရတယ် ။
နဂိုသိစိတ်အရ ဒါဟာ CEO ရဲ့ ကားဒရိုင်ဘာပဲဆိုတာ ငါ သိလိုက်တယ် ။

" ခင်ဗျားက ဇာတ်ညွှန်းရေးဆရာ မဟုတ်လား " လို့ မေးလိုက်တော့ အစက သူက ငါ့ကို ကြောင်တောင်တောင် ကြည့်သေးတယ် ။
နောက်တော့ ငါ့အကြောင်းတွေ အကြောင်းစုံ ရှင်းပြလိုက်တော့ ထိုလူရွယ်ခမျာ ငိုပါလေရော ။

" ဒါဆို ဒီကမ္ဘာကနေ ပြန်ထွက်ဖို့က မင်းနဲ့ CEO ကြိုက်သွားမှ ဖြစ်မှာပေါ့... အဲ့လိုလား... "

ကျွန်တော်က ခေါင်းညိတ်ပြလိုက်တော့ သူ စိတ်ရှုပ်သွားပုံရတယ် ။

" အဲ့တာမှ ခက်ကရော... ငါကိုယ်တိုင်ကိုက ဇာတ်လမ်းထဲ ရောက်နေတော့ ဇာတ်ညွှန်းကို ဘယ်လိုရေးရတော့မလဲ... "

" အဲ့တာတော့ ငါလည်း မသိဘူး... ငါက ဒီကမ္ဘာထဲကနေ မင်းထက်တောင် ပိုပြီးထွက်ချင်သေးတယ်... မင်းရဲ့ အရေးမပါတဲ့ ဇာတ်လမ်းကြောင့် ငါ့မှာ ဒီကမ္ဘာထဲကို ရောက်လာရတာလေ... ဒါနဲ့ ဇာတ်အိမ်ကို နောက်တစ်ခါကျရင် ဒီ့ထက် လက်တွေ့ဆန်ပြီး ကောင်းတာလေး ရေးပေးလို့ မရဘူးလား... မင်းဇာတ်အိမ်ကြီးက ဖန်တရာထေနေပြီဟ... "

ထိုလူရွယ်ရဲ့ နာမည်က ဒီဇာတ်လမ်းထဲမှာ နိုင်ထူးသွင် လို့ခေါ်တယ် ။
နိုင်ထူးသွင်က အသက် ၂၈နှစ်လောက် ရှိပြီး ငါနဲ့ အသက်တူတူလောက်ပဲ ရှိလောက်မယ် ။

" အေးပါကွာ... မင်းကမှ MC နဲ့ တွဲရမယ့် ကာရိုက်တာမို့လို့ တော်သေးတယ်... ငါက side story ကိုမှ  .... ဘယ်လောက် ဇာတ်နာလဲဆိုရင်...  အား... ကျွတ်ကျွတ်ကျွတ်... "

နိုင်ထူးသွင်က ပြောနေရင်းက ရုတ်တရက် ဖင်ကို ကွတတ လုပ်လိုက်ပြီး ထအော်တယ် ။

" မင်း ဘာဖြစ်နေတာလဲ... အဆင်ပြေရဲ့လား... "

" အဆင်ပြေရဲ့လား ဆိုတော့ ... ငါက တော်တော်ကြီးကို ဇာတ်နာနေတာ သားကြီးရေ... "

How to Flirt with a CEO (Completed)Where stories live. Discover now