အခန်း (၂၄)

3.5K 218 29
                                    

အခန်း (၂၄)

CEO ရဲ့ မွေးနေ့ကို ညဘက် ဘားမှာ လုပ်ကြမယ်လို့ စီစဥ်ထားကြတယ် ။
ကုမ္ပဏီ က လူအားလုံး တက်ရောက်ကြမှာ ဖြစ်လို့ ငါလည်း CEO ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရမယ် ။
ဒီညမှာ ငါနဲ့ CEO နဲ့ကို ပိုပြီး နီးစပ်အောင် ဘေးနားက လှော်ပေးကြမယ့် ဝေဦးနဲ့ ညီသုတ တို့ နှစ်ယောက် ရှိနေလို့ ဒီညတော့ ငါက CEO ကို အပိုင်ကြံပစ်လိုက်တော့မယ်လို့ တွေးထားလိုက်တယ် ။

ဝေဦးနဲ့ ညီသုတ တို့ နှစ်ယောက်သားက အချင်းချင်း မတည့်ကြပေမယ့် ငါ့ကို လှော်ပေးမယ့် နေရာမှာတော့ စည်းလုံးကြတယ် ။

" ဒီည အရက်ထဲကို ဆေးသာခတ်ပြီး ဟော်တယ်ခေါ်သွားလိုက်... အဲ့တာဆို တစ်ခါထဲ ပွဲသိမ်းပြီ ကိုဆတ်ရိပ်ထင်... "

ဝေဦးက ဗီလိန်ဆန်ဆန် အကြံပေးလာတော့ ညီသုတ က ငြင်းတယ် ။

" အဲ့လို လုပ်လို့ ဘယ်ဖြစ်မှာလဲ... အဲ့တာကြီးက အရမ်း သရုပ်ပျက်တယ်လေ...  တကယ်ဆိုရင် ကိုဆတ်ရိပ်ထင် က အရမ်းမူးချင်ယောင်ဆောင်ပြီး CEO ကို အိမ်ပြန်ပို့ခိုင်း... လမ်းမှာ မူးနေလို့ စိတ်ရင်းအမှန်တွေ ပြောမိတဲ့ ပုံမျိုးနဲ့ ဖွင့်ပြော... ဘယ်လောက် ရိုမန်းတစ် ဆန်လိုက်သလဲ... "

နှစ်ကောင်သားက အချင်းချင်း ငြင်းခုန်နေကြလေတော့ ငါ့မှာ စိတ်တွေ လေလာရတယ် ။
ငါ့အတွက် အကြံကောင်းတွေ စဥ်းစားပေးရင်း နောက်ဆုံးတော့ သူတို့နှစ်ယောက်သားပဲ ထသတ်ကုန်ကြတော့မလားလို့တောင် တွေးပူရတယ် ။

" ကဲကဲ... မင်းတို့ ဘာအကြံမှ မပေးကြနဲ့တော့... ငါ့မှာ အကြံစည်ရှိတယ်... ဒီညတော့ ငါ CEO ကို ငါ့နည်းငါ့ဟန်နဲ့ ကျိန်းသေပေါက် ဖွင့်ပြောမှာ... "

ငါက ယုံကြည်ချက်ရှိတဲ့ပုံ လုပ်ပြလိုက်တော့ နှစ်ကောင်လုံး ငြိမ်သက်သွားပြီး ငါ့ကို ယုံကြည်သွားကြပုံပဲ ။
အမှန်တော့ ငါ့မှာ ဘာအကြံအစည်မှ မရှိဘူး ။
သူတို့ကို အာချောင်ပြီး လျှောက်ပြောလိုက်တာပဲ ရှိတာ ။
မူးလာတဲ့အခါကျမှ ကြည့်ကြပ်လုပ်လိုက်ဖို့ပဲ တွေးထားလိုက်တယ် ။

" အားလုံး ပြီးရင် ဘားမှာ ဆုံကြမယ်နော်... ကိုယ်က ပြီးမှ နှင်းဆီချိုနဲ့ တူတူ လာခဲ့မယ်... "

How to Flirt with a CEO (Completed)Where stories live. Discover now