အခန်း (၇)

3.9K 286 25
                                    

အခန်း (၇)

နောက်တစ်ရက်ကျတော့ ငါ့ကို အလုပ်တစ်ရက် ပေးနားဖို့ HR ဌာနကနေ ဖုန်းနဲ့ အကြောင်းကြားလာတယ် ။
ဒါပေမယ့်လည်း ငါက ဘယ်နားလိမ့်မလဲ ။
မနေ့က ချွေးထွက်များလို့ မူးလဲတာလောက်က ငါ့အတွက်တော့ ဘာမှ ရောဂါကြီးမှ မဟုတ်တာ ။

အဲ့တာကြောင့်ပဲ ငါ နောက်နေ့ ရောက်တော့ အလုပ်ကို ရောက်အောင်လာတယ် ။
ပြီးတော့ CEO ရုံးခန်းကိုပဲ ရောက်အောင် ထပ်လာခဲ့တယ် ။

ဒီနေ့ကျတော့ CEO ရုံးခန်းမှာ ငါ အရင်တစ်ရက်က တွေ့ခဲ့ရတဲ့ အတွင်းရေးမှူးမကို မတွေ့ရတော့ဘူး ။
အဲ့အစား တခြား အတွင်းရေးမှူး ယောကျ်ားလေး တစ်ယောက်ကိုပဲ တွေ့ရတယ် ။
အရင် အတွင်းရေးမှူးမက ဘယ်ရောက်သွားလဲတော့ ငါ မသိဘူး ။

ဒီ အတွင်းရေးမှူးအသစ်ကို ငါ မသိပေမယ့် အတတ်နိုင်ဆုံး မျက်နှာချို သွေးပြလိုက်တယ် ။
မဟုတ်ရင် မနေ့ကလို အလုပ်တွေ ဖိပြီး ထပ်ခိုင်းနေမှာလည်း ကြောက်ရသေးတယ်လေ ။

" ဟိုလေ... CEO က ဘယ်မှာလဲ မသိဘူး... "

" CEO က ကုမ္ပဏီ က ပစ္စည်းတစ်ခုကို ကြော်ငြာရိုက်ကွင်းရှိလို့ မနက်အစောကြီးထဲက သွားနေပြီခင်ဗျ... "

ဒီအတွင်းရေးမှူးကတော့ ငါ့ကို ရည်ရည်မွန်မွန် ပြန်ဖြေရှာပါတယ် ။
ပြီးတော့ ငါ့ကို အခန်းထဲမှာပဲ ထိုင်စောင့်ချင်သလားလို့ မေးတယ် ။

" ကျွန်တော် အဲ့ကို လိုက်သွားလို့ မရဘူးလား... "

ငါက ငါ့အလုပ်တာဝန်ဟာ CEO ရဲ့ တောက်တိုမယ်ရတွေကို လုပ်ပေးရမယ့် တာဝန်ဆိုတာကို သူ့ကို ပြောပြလိုက်တယ် ။
အတွင်းရေးမှူးက နောက်ဆုံးတော့ ငါ့ကို လိုက်သွားဖို့ နေရာကို ပြောပြလိုက်တယ် ။

မသွားခင်မှာ သူက ငါ့ကို ခဏစောင့်ခိုင်းတယ် ။
ပြီးတော့ သူ့လက်ထဲမှာ ဓာတ်ဆားအချိုရည်တစ်ကဒ်ကို ယူလာခဲ့သေးတယ် ။
ငါက နည်းနည်း ထူးဆန်းသလို ဖြစ်ပြီး သူ့ကို မေးလိုက်မိတယ် ။

" ဒါတွေက ဘာလုပ်ဖို့လဲဟင်... "

" ကိုဆတ်ရိပ်ထင် မနေ့က အလုပ်လုပ်ရင်း မူးလဲသွားတယ်ဆိုလို့ CEO က အကယ်၍ ကိုဆတ်ရိပ်ထင် လာခဲ့ရင် ဒီဓာတ်ဆား အချိုရည်ကို ပေးပါဆိုပြီး မှာခဲ့လို့ပါ... "

How to Flirt with a CEO (Completed)Where stories live. Discover now