အခန်း (၅၇)
နောက်ဆုံးတော့ ငါတို့ရဲ့ ခရီးစဥ်က ပြန်ပေးဆွဲတဲ့ ကိစ္စကြောင့် တစ်ပတ်နောက်ဆုတ်လိုက်ရတော့တယ် ။
ဒါပေမယ့် အရှုံးထဲက အမြတ်လို့ ပြောရလောက်အောင် ငါတို့အဖွဲ့ထဲမှာ အတွဲအသစ် နှစ်တွဲ ဖြစ်သွားလေတယ် ။နောက်တစ်ရက်ကျတော့ CEO က ငါ့ကို လာခေါ် ပြီး ဇာတ်ညွှန်းဆရာ နဲ့ သခင်ငယ်လေးတို့ကို လူနာသတင်းမေး သွားလေတယ် ။
ဆေးရုံရောက်တော့ ငါ နည်းနည်း မနောပျက်သွားရတယ် ။
ဘာလို့လဲဆိုတော့ နှစ်ယောက်သားက လူနာကုတင် တစ်လုံးထဲပေါ်မှာ တူတူပူးပြီး အိပ်နေကြတာ ဖြစ်နေတယ် ။ငါက ပါးစပ်က မပြောတော့ဘဲ မျက်လုံးနဲ့ပဲ တစ်ချက် ဝေ့ကြည့်လိုက်တယ် ။
ဆေးရုံကြီးမှာ တော်တော်ကို ကဲကဲသဲသဲ ဖြစ်နေကြသလား ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တာ ဖြစ်တယ် ။
ငါ့အကြည့်ကိုလည်း မြင်ရော ထိန်လျှံဝဠာ က ချက်ချင်း ပဲ ကုတင်ပေါ်က ထဆင်းဖို့ ပြင်တယ် ။
နိုင်ထူးသွင် က ထိန်လျှံဝဠာ ရဲ့ လက်မောင်း ကို ဆွဲလိုက်တယ် ။" ထိန်လျှံ... ထိန်လျှံ က ဒဏ်ရာကြီးနဲ့လေ... မထနဲ့ မထနဲ့... ကိုထူး ပဲ ထလိုက်မယ်... "
ထိန်လျှံဝဠာ ကလည်း ထဆင်းဖို့ ပြင်နေတဲ့ နိုင်ထူးသွင် ကို အတင်းပြန်ဆွဲထားပြန်တယ် ။
" ကိုထူး... မထပါနဲ့... ကိုထူးက သွေးထုတ်ထားရတာ... ပင်ပန်းနေမယ်... ကျွန်တော့် ဒဏ်ရာက ဘာမှ မဟုတ်တော့ဘူး... ကျွန်တော်ပဲ ထလိုက်မယ်... "
အမလေး... အရေးထဲမှာ တစ်ခါ ထဖို့အရေးကို နှစ်ယောက်သား ကဲပြသဲပြနေလိုက်ကြတာ ။
တော်တော်လေးကို အမြင်ကပ်စရာ ကောင်းနေတယ် ။
ငါကပဲ နောက်ဆုံးတော့ နှစ်ယောက်လုံးကို လက်ကာပြလိုက်ရတယ် ။" အေး အေး... တော်ပြီ... ရပြီ... ဘယ်သူမှ မထကြနဲ့တော့... ငါလည်း ဝတ်ကျေတန်းကျေ ခဏတဖြုတ် စကားလာပြောတာ... ခဏပဲ ပြောပြီးရင် ပြန်မှာ... အဲ့အတိုင်းပဲ ဆက်အိပ်နေကြ... "
ငါ ရွဲ့ပြောလိုက်တော့မှ နှစ်ယောက်သားက ရယ်ကျဲကျဲ လုပ်ပြီး ရှက်ကိုးရှက်ကန်း နဲ့ ကုတင်ပေါ် မှာ ငုတ်တုတ်လေးတွေ ထိုင်လိုက်ကြတယ် ။
YOU ARE READING
How to Flirt with a CEO (Completed)
Romanceဒီတစ်လော စာရေးချင်စိတ်ပေါ်နေတာနဲ့ အပျင်းပြေ ရေးထားတာပါ... ဇာတ်လမ်းတိုလေးတွေထဲမှာ ပါတတ်တဲ့ ဗီလိန်ဇာတ်ကောင်က အဓိက ဇာတ်ဆောင်ကို flirt ရမယ့် ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လေးပါပဲ...