အခန်း (၂၁)

2.3K 169 28
                                    

အခန်း (၂၁)

နောက်တော့မှ ဒီ ကြော်ငြာ ပလန်အသစ်ကို ​ကိုစံလင်းသစ်က ပြောင်းလိုက်တယ်ဆိုတာကို ငါ သိလိုက်ရတယ် ။

" ကိုဆတ်ရိပ်ထင် ကို ဇာတ်ညွှန်းအသစ် စာရွက် ပေးထားပြီးပြီ ထင်နေတာ... မပေးလိုက်ရသေးဘူးပဲ... ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ... "

ဒါရိုက်တာအဖွဲ့ဝင် ကိုယ်တိုင်က ငါ့ကို ဒီလို ခခယယ ပြောလာလေတော့ ငါ ဘာမှ ဆက်ပြီး ပြဿနာ မရှာနိုင်တော့ဘူး ။
ဒါပေမယ့် ငါ သိချင်တာလေးတော့ စံလင်းသစ် ကို မေးလိုက်သေးတယ် ။

" ဒါနဲ့ ဇာတ်ညွှန်းစာရွက်အသစ်ကို ကိုစံလင်းသစ် ကျွန်တော့်ဆီ ဘယ်သူက တစ်ဆင့် ပေးခိုင်းခဲ့တာလဲဟင်... "

" ဟိုနှစ်ယောက်ပဲ... သူတို့နှစ်ယောက် သူပေးမယ် ငါပေးမယ်နဲ့ ကျွန်တော့်ဆီက အလုအယက် ယူသွားကြတာ ... "

စံလင်းသစ် က ငါ့ကို ဝေဦးနဲ့ ညီသုတ တို့ဆီကို လှမ်းပြီး လက်ညှိုးထိုးပြတယ် ။
နှစ်ယောက်လုံးက ငါ့ကို မျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြတယ် ။

" ဟို... ဟိုလေ... ကျွန်တော်တို့နှစ်ယောက် လုကြရင်းနဲ့ ဇာတ်ညွှန်း စာရွက်က ပြဲသွားတာ... "

ဝေဦးက မျက်နှာငယ်လေးနဲ့ ပြောလာတယ် ။

" ကိုဆတ်ရိပ်ထင် က ဇာတ်ညွှန်းမဖတ်လည်းလုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့က ယုံလို့ မပေးတော့ဘဲ နေလိုက်တာပါ... စာရွက်ကလည်း အစိတ်စိတ်အမွှာမွှာ ပြဲသွားပြီ ဆိုတော့လေ... "

ညီသုတကလည်း လျှာလေး တစ်လစ်ထုတ်ရင်း ငါ့ကို မျက်နှာလုပ်ပြီး ပြောလာတယ် ။
ငါလည်း အဲ့နှစ်ကောင်ကို အပြစ်မတင်ရက်တော့ဘူး ။
အဲ့တာနဲ့ပဲ အဲ့ကိစ္စကို လျှော်ပေးလိုက်ရတော့တယ် ။

အခု ဖြစ်နေတဲ့ ပြဿနာ ငါ့ရင်ထဲက တဒိတ်ဒိတ် ခုန်နေတာပဲ ။
ခုနက အနမ်းကို ငါ အခုထိ မေ့လို့ မရသေးဘူး ။
ပြီးတော့ ရင်တွေ တုန်ပြီး တစ်မျိုးကြီးလည်း ခံစားနေရတယ် ။

CEO က ငါ့ဘေးနား ရောက်လာတယ် ။
ငါက ရှက်နေပါတယ်ဆိုမှ သူက အချိန်ကိုက် ရောက်လာလေတော့ ငါ့မှာ ခြေမကိုင်မိ လက်မကိုင်မိတောင် ဖြစ်သွားရတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now