အခန်း (၉)

2.4K 198 7
                                    

အခန်း (၉)

နောက်တစ်ရက် ငါ ကုမ္ပဏီ ကို ရောက်တော့ CEO က ကုမ္ပဏီ မှာပဲ ရှိနေတယ် ။
ဒီနေ့တော့ ဟိုဟိုဒီဒီ လျှော​က်သွားစရာ မလိုတော့လို့ CEO ကို သူ့ရုံခန်းထဲမှာပဲ Flirt ရဖို့ နည်းလမ်းတွေ ငါ စဥ်းစားနေမိတယ် ။

CEO ရဲ့ တောက်တိုမယ်ရ ဆိုပေမယ့် အရမ်းကြီးတော့ မပင်ပန်းလှပါဘူး ။
CEO အတွက် ကော်ဖီ​ဖျော်ပေးရတာ ၊ ဖိုင်တွဲတွေ ယူပေးရတာ ၊ သူ့စားပွဲတွေ ရှုပ်ပွနေရင် ရှင်းပေးရတာ ၊ အဝတ်အစားတွေ လဲမယ်ဆိုရင် ယူပေးရတာ ၊ အဲ့တာတွေလောက်ပါပဲ ။

ငါက ကြုံရင် ကြုံသလို Flirt ဖို့ ကြိုးစားပေမယ့် CEO ကတော့ ငါနဲ့ ထိပ်တိုက် စကားပြောမယ်ဆိုတာနဲ့ ရှောင်နေတော့တယ် ။
ကြာတော့ ငါလည်း စိတ်သိပ်မရှည်တော့ဘူး ။
CEO ကို နှစ်ယောက်ထဲ အခန်းထဲ တံခါးပိတ်ပြီး ဆွဲဖက်နမ်းလိုက်ချင်စိတ်ကို မနည်း ထိန်းချုပ်နေရတော့တယ် ။

အဲ့လိုနဲ့ ငါက အနောက်က လိုက် လိုက် ၊ CEO က ပြေးလိုက်နဲ့ ငါတို့နှစ်ယောက် လိုက်တမ်းပြေးတမ်း ကစားကြတာ တစ်ပတ်လောက် ကြာသွားတယ် ။
အဲ့တစ်ပတ်အတွင်းမှာ ငါ့ဘက်က အ​ခြေအ​နေက ဘာမှ မထူးခြားပေမယ့် ဇာတ်ညွှန်းရေးဆရာရဲ့ ဘက်မှာတော့ အခြေအနေက နည်းနည်း ထူးခြားခဲ့တယ် ။

အဲ့နေ့က နိုင်ထူးသွင်အတွက် ပုံမှန်နေ့တစ်ရက်လိုပါပဲ ။
ထိန်လျှံဝဠာနဲ့ သူနဲ့ ဆက်ဆံကြတယ် ။
ပြီးတော့ ထိန်လျှံဝဠာက သူ့ကို တစ်ခါ ဆက်ဆံစာအတွက် သူလိုတဲ့ ငွေကို ပေးတယ် ။

အဲ့ငွေတွေက နောက်ဆုံးတော့ သူ့အမေရဲ့ ဆေးဖိုးအဖြစ်ကို ရောက်သွားရတာပါပဲ ။
သူ တစ်ခါမှ သုံးလိုက်ရတယ်ဆိုတာလည်း မရှိပါဘူး ။

အဲ့နေ့ညက သခင်ငယ်လေးက သူ့သူငယ်ချင်းတွေနဲ့ သွားသောက်ကြတယ်။
ပြီးတော့ ညသန်းခေါင်ကျော်မှ မူးပြီး ပြန်လာတော့ နိုင်ထူးသွင်လည်း အပေါ်ထပ်က သခင်ငယ်လေးရဲ့ အခန်းအထိ မသယ်နိုင်တာကြောင့် အောက်ထပ်က သူ့အတွက်ပေးထားတဲ့ အခန်းသေးသေးလေးထဲမှာပဲ သခင်ငယ်လေးကို သိပ်လိုက်တယ် ။

အဲ့တာက သူ့အတွက် မဟာအမှားကြီးပဲ ဆိုတာကို နိုင်ထူးသွင် မနက်ကျမှ သိလိုက်ရတယ် ။
သခင်ငယ်လေး နိုးလာချိန်စားဖို့ သူက သခင်ငယ်လေးအတွက် နွားနို့နဲ့ ပေါင်မုန့်ကို အခန်းထဲ ယူလာချိန်မှာ သူ့အခန်းထဲထိုင်ပြီး စားပွဲပေါ်က စာအုပ်ကို ဖတ်နေတဲ့ သခင်ငယ်လေးကို နိုင်ထူးသွင် တွေ့လိုက်ရတယ် ။

How to Flirt with a CEO (Completed)Where stories live. Discover now